Tharkinwe
Friday, 12 June 2009 11:08

 

 

 

၁၂ ရက်နေ့ ရုံးချိန်း ဦးဝင်းတင် ဦးစီး NLD ပါတီဝင်များလာရောက်၍ ဈေးရောင်းဈေးဝယ်များ အနှောက် အယှက် ဖြစ်ရ

၁၂ - ၆ - ၀၉

 

ယနေ့ ၁၂-၆-၀၉ ရက်နေ့တွင် အင်းစိန်းအထူးတရားရုံးတွင် မစ္စတာ ယက်ထော ဒေါ်စုကြည် နေအိမ် အတွင်း ၀င် ရောက်ခဲ့သည့် အမှုအား ဆက်လက်စစ်ဆေး ကြားနာခဲ့ပါသည်။ ယနေ့ မစ္စတာ ယက်ထော တစ်ဦးတည်း သာ စစ်ဆေးသွားပြီး ဒေါ်အောင်ဆန်းစုကြည် အား စစ်ဆေးမေးမြန်းခြင်း မရှိသေးကြောင်း သိရှိရပါသည်။အမှုအား ၂၆-၆-၀၉ ရက်နေ့သို့ ပြန်လည်ချိန်းဆိုလိုက်ကြောင်း သိရှိရပါသည်။

Last Updated on Monday, 17 August 2009 10:53
Read more...
 
Tuesday, 09 June 2009 07:34

တမူးမြို့ တွင် မီးလောင်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွား။

၉-၆-၀၉

 

(၇-၆-၀၉)ရက်နေ့ (၀၆၁၀)ချိန်တွင် တမူးမြို့၊ ဈေးတန်း(၇)ရပ်ကွက်၊   အိမ်အမှတ်(၃၇၆)နေ ဦးဝင်းမြင့်၊ ဒေါ်မြလေးနေအိမ်မှ စတင်ပြီး မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ရာ အဆိုပါမီးလောင်မှုကြောင့် နေအိမ်(၅)လုံးမီးလောင်ကျွမ်း ခဲ့ပြီး အိမ်ထောင်စု (၅)စု၊ လူဦးရေ(၂၉)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါသည်။

 မီး စတင်လောင်ကျွမ်းရခြင်းမှာ ဦးဝင်းမြင့်နေအိမ်တွင် ငှားရမ်းနေထိုင်သူ ကသဲ လူမျိုး တိုနီ(United people Party of King Lei Pakု)အဖွဲ့ခွဲသည် မီးစက်နှိုးရန်  ဖယောင်းတိုင်ထွန်းညှိရာမှတဆင့် ဓါတ်ဆီပုံးထဲသို့ မီးကူးစက်လောင်ကျွမ်းခဲ့  ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းရာနေရာသို့ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ် မီးသတ်တပ်ဖွဲ့တို့မှ အချိန်မီ လာရောက်မီးငြိမ်းသတ်ခဲ့ရပါသည်။

Last Updated on Friday, 12 June 2009 11:36
Read more...
 
Saturday, 30 May 2009 13:13

 

ဒလမြို့နယ် ဓနုတ်စေတီ ထီတော်မှ စ၍ပြန်လည်ပြိုကျ

၃၀ - ၅ - ၀၉

ရန်ကုန်တိုင်း ဒလမြို့နယ် ဓနုတ်ကျေးရွာ တွင် တည်ထားကိုးကွယ်ထားသော ဓနုတ်စေတီတော်ကြီးသည် ၂၀၀၆ ခုနှစ် တွင် စေတီ ကိုယ်လုံးတော်မှ အတ်ကြောင်းမှ တွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာ မှ အဆိုပါအတ်ကြောင်းများမှ ပြို ကျ မှုမရှိစေရေး ပြုပြင်နေစဉ် ၂၀၀၆ ခုနှစ် ဇူလိုင်လ မိုးတွင်းကာလအတွင်း အလုပ်သမားများအနားယူနေသည့် အချိန် နံနက်ပိုင်း ၃ နာရီ ၁၅ မိနစ်တွင် စေတီကိုယ်လုံးတော်ကြီး တစ်ခုလုံ အရှေ့ဖက် အရပ်မှ တစ်ခြမ်းပဲ့ ကာ ပြိုကျခဲ့ပါသည်။

 

Last Updated on Monday, 01 June 2009 04:19
Read more...
 
Friday, 29 May 2009 13:18

အင်းစိန်ထောင်ရှေ့ ပို့စတာကိုင်ဆောင်ခဲ့သော ဗကဟောင်းဇော်ညွှန်

၂၉ - ၅ - ၀၉

၂၈ -၅- ၀၉ ရက်နေ့ တွင် ဒေါ်စုကြည် အား အင်းစိန်အကျဉ်းထောင် အတွင်းအထူးတရားရုံးဖြင့် စစ်ဆေးနေစဉ် ကာလ အတွင်း အင်းစိန်ထောင်ဗူးဝရှေ့တွင် ပို့စတာကိုင် ဆန္ဒပြခြင်းကို (၃) မိနစ်ခန့် ဆောင်ရွက်သွားပါသည်။ အဆိုပါ ပို့စတာအား လေတပ် ဗိုလ်ကြီးဟောင်းတစ်ဦး ဖြစ်သူ ဦးဇော်ညွှန့် ဆိုသူမှ လုပ်ဆောင်သွားခြင်း ဖြစ်ပါသည်။

အဆိုပါဗိုလ်ကြီးဟောင်း ဇော်ညွှန့်သည် MDC အဖွဲ့ထင်ကျော် မှ ကုန်ဈေးနှုန်းကျဆင်ရေး အကြောင်းပြုပြီး သိမ်ကြီးဈေး ၀န်ကျင်တွင် ဆန္ဒပြမှု ပေါ်ပေါက်ပြီးနောက်ပိုင်း အသစ်တိုးလာသော သူတစ်ဦး ဖြစ်ပါသည်။

Last Updated on Monday, 01 June 2009 04:16
Read more...
 
Friday, 29 May 2009 12:14

 

John Williaw Yettaw နှင့် နယ်စပ်အဖွဲ့အစည်းများ ဆက်သွယ်မှု ရှိ

၂၉ - ၅ - ၀၉

ဒေါ်စုကြည်နေအိမ်ခြံဝန်းအတွင်း ၀င်ရောက်ခဲ့သူ John Williaw Yettaw  အား တရားရုံးတွင် ဆက်လက်စစ်ဆေး နေပါသည်။ အဆိုပါ အမှုစစ်ဆေးရာ တွင် John Williaw Yettaw အနေဖြင့် ဘုရားသခင် စေလွှတ်သည့် အတွက်လာရောက်ခြင်း ဖြစ်ကြောင်း ၊ ဒေါ်စုကြည် သေဆုံးသည်ဟု အိမ်မက်မြင်မင်ပြီး ၄င်း၏မိသားစု များအား ပြောပြရာ မိသားစုမှ အား သွားရောက်သင့်ကြောင်း အကြံပေးသည့် အတွက်လာရောက်ခြင်း ဖြစ်ကြောင်း ပြောဆို နေပါသည်။

 

Last Updated on Monday, 01 June 2009 04:09
Read more...
 
Wednesday, 27 May 2009 12:30

 

လူသားစား မိကျောင်း မြိတ်ခရိုင် ကျွန်းစုမြို့နယ် မိုင်းသွေးရွာတွင် ဖမ်းဆီရမိ

၂၈-၅-၀၉

 မြိတ်ပုလဲမြေ

မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကော်ဇယာ ကျေးရွာ အုပ်စု အနှိုင်းကျေးရွာ အနီး အနှိုင်းချောင်း အရှေ့ဘက် ကမ်းရှိ ကျွန်းပုတ်ချောင်းတွင် ၀င်းနိုင်ဦး (အသက် -၃၁)နှစ်နှင့် အဖော် တစ်ဦးသည် (၁၇-၅-၂၀၀၉) ရက်နေ့ နံနက် (၇)နာရီတွင် နေ့လည် သစ်ခုတ်နေရာမှ ချောင်းကို ဖြတ်ကူးစဉ် မိကျောင်းတစ်ကောင်သည် ရေထဲမှ ပေါ်ထွက်လာပြီး ၀င်းနိုင်ဦးအား ကိုက်ဆွဲသွားသည်ကို အဖော်ဖြစ်သူမှ မြင်တွေ့ရသဖြင့် ရွာသို့ ပြန်လည် အကြောင်းကြားခဲ့ရာ့ မိုင်းသွေး ကျေးရွာ နှင့် ရှမ်းဘုံကျေးရွာမှ လူအင်အား (၈၀) ဦးခန့်ဖြင့် မိကျောင်း ကိုက်ဆွဲ သွားသော လူကို ကယ်တင်နိုင်ရေး အတွက် မိကျောင်းအား စက်လှေများ ၊ လက်နက် ကိရိယာများဖြင့် လိုက်လံ ဖမ်းဆီးကြသည်။

Last Updated on Friday, 29 May 2009 11:34
Read more...
 
Wednesday, 27 May 2009 11:52

မော်လမြိုင်မြို့နယ် အတွင်းပေါက်ကွဲမှုများဖြစ်

၂၇ - ၅ - ဝ

၂၇ -၅- ၀၉ ရက်နေ့ နံနက်ပိုင်း ၀၉၂၅ ချိန်တွင် မော်လမြိုင် ရွှေတောင်ရပ်ကွက် ကမ်းနားလမ်းပေါ်ရှိ မြန်မာ့စီးပွားရေး ဘဏ်နှင့် မျက်နှာချင်းဆိုင် (Myan mar Distribution Group)ကုမ္ပဏီ ရှေ့ လူသွားစင်္ကြန် ပလက်ဖေါင်း အောက်ဖက် တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသည်။ အသံမိုင်း ဖြစ်ပြီ လူထိခိုက်မှုမရှိ၊ အခြားပစ္စည်း ပျက်ဆီးဆုံးရှုံးမှု မရှိကြောင်း ကြားသိရပါသည်။

Last Updated on Friday, 29 May 2009 11:20
Read more...
 
«StartPrev1234567NextEnd»

Page 3 of 7
Copyright © 2009 Tharkinwe Myanamr True News. All Rights Reserved.

Hit Account

Content View Hits : 1398842

လက်ရှိကြည့်ရှုနေသူ

We have 5 guests online

ကြေညာချက်အမှတ်(၁/၂၀၀၇)

ပါတီခေါင်းဆောင် ဒေါ်စုကြည် အနေဖြင့် အောက်ဖေါ်ပြပါ အချက် များအား လိုက်နာပါက နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် လက်ခံတွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

   (၁)     ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံ ပျက်သုန်းရေး။

   (၂)     မြန်မာနိုင်ငံအား စီးပွားရေး အဆက်အသွယ်ဖြတ်တောက်ရေး အပါအ၀င် အလုံးစုံ ပိတ်ဆို့ရေး အား ဒေါ်စုကြည်မှ စွန့်လွှတ်သွားရေး ကြေညာရန် ဖြစ်ပါသည်။

 

 

အင်:ယားအလွမ်းပြေ

အင်ယားအလွမ်းပြေ