Tharkinwe
Sunday, 17 May 2009 12:24
 

 

 

ဒေါ်စုကြည် အား ထိန်းသိမ်းထားစဉ် ဖေါက်ခွဲဖျက်ဆီးရေးသမားများ အခွင့်အရေးယူနိုင်

၁၇ -၅ - ၀၉

နေအိမ်အကျယ်ချုပ် ကျခံနေရာမှ အမေရိကန် နိုင်ငံသား နေအိမ် တွင်း ၂ ညအိပ် လက်ခံထားမှုဖြင့် အင်းစိန် အကျဉ်းထောင် အတွင်းအထူးတရားရုံး ဖြင့် စစ်ဆေးခံနေရသော ဒေါ်စုကြည် ကိစ္စ ပေါ်ပေါက်နေစဉ် နယ်စပ်အခြေစိုက် ဆန့်ကျင်ဖက်နိုင်ငံရေး အင်အားစု များမှ အလစ်အငိုက် ရယူကာ ဖေါက်ခွဲဖျက်ဆီးရေး လုပ်ငန်းများ ဖြင့် ပြည်သူလူထု ၏အသက်အိုးအိမ်ကို ထိပါးလာနိုင်ပါသည်။

Last Updated on Monday, 18 May 2009 11:31
Read more...
 
Friday, 15 May 2009 11:05

ဒေါ်စုကြည် ရှေ့နေဦးကြည်ဝင်းမှ အမေရိကန် နိုင်ငံသားအား ဝေဖန်ပြောဆို

၁၅-၅-၀၉

ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်အကျယ်ချုပ်ကျခံ နေရသော ဒေါ်စုကြည်အား (၁၄-၅-၀၉) ရက်နေ့ (၀၇၀၅) ချိန်ခန့်တွင် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဒေါ်စုကြည်နှင့်အတူ ၄င်း၏နေအိမ်အတူနေ ထိုင်သော ဒေါ်ခင်ခင်ဝင်း၊ မ၀င်းမမတို့ကို အင်းစိန်အကျဉ်းထောင်သို့ ခေါ် ဆောင်သွားခဲ့ပါသည်။

 

 ထိုသို့ ဒေါ်စုကြည် ပါ(၃)ဦးအား အင်းစိန်အကျဉ်း ထောင်သို့ခေါ်ဆောင်သွားသည်ကို NLD ပါတီဝင်များမှသိရှိသဖြင့် ၄င်း၏် ရှေ့နေ ဦးကြည်ဝင်းနှင့် ဦးဥာဏ်ဝင်း၊   ဦးလှမျိုးမြင့်   ၊ ဒေါ်ခင်ဌေးကြွ ယ်တို့မှ အင်းစိန်အကျဉ်းထောင်သို့ လိုက်ပါတွေ့ဆုံပြီး ဒေါ်စုကြည်နှင့်တွေ့ ဆုံခွင့်ရရှိရေး ထောင်တွင်းတာဝန်ရှိသူများထံ တောင်းဆိုခဲ့ရာ ဦးဥာဏ်ဝင်း၊ ဦးလှမျိုးမြင့် နှင့် ဒေါ်ခင်ဌေးကြွယ်တို့အား ထောင်တွင်းရှိ ထောင်ရိပ် သာတွင်ထားခဲ့ပြီး ဦးကြည်ဝင်း အား ထောင်တွင်းသို့ခေါ်ဆောင်ကာ တွေ့ဆုံခွင့်ပေးခဲ့ပါသည်။

Last Updated on Monday, 18 May 2009 04:33
Read more...
 
Friday, 15 May 2009 05:07

 

ရေစကြို တပ်ရင်း တစ်ခုမှ ခိုးယူသွားသောလက်နက်ဖြင့် ရမည်းသင်းရွှေဆိုင်လုယက်သူများဖမ်းမိ

၁၅-၅-၀၉

 

၆-၅-၀၉ ရက်နေ့က ရမည်းသင်းမြို့နယ်မြို့မဈေး  ရုံအမှတ် (၁၀) အခန်းအမှတ် (၂၈/၁၉) တွင်ဖွင့်လှစ်ထားသော ဒေါ်မိမိအေး ၏ငွေ ရတနာအောင် ရွှေဆိုင်သို့ ဆိုသ်ကယ်တစ်စီးဖြင့် လူ ၃ ယောက ရောက်လာခဲ့သည်။ အဆိုပါ  လူ ၃ ဦးမှ ရွှေကောင်တာမှ မှန် အား သေနတ်အရှည် တစ်လက်ဖြင့် ရိုက်ခွဲပြီး ငါးပိဿာ ခန့်ရှိသော ရွှေဆွဲကြိုးနှင့် တစ်ပိဿာခန့်ရှိ ရွှေလက်ကောက်များ စုစုပေါင်း ကာလတန်ဖိုး သိန်း နှစ်ထောင်လေးရာ တန်ဘိုးရှိ ရွှေ ၆ ပိဿာ ကိုယူဆောင်၍ ဆိုင်ကယ် မောင်းနှင် ထွက်ပြေးသွားခဲ့ပါသည်။

Last Updated on Sunday, 17 May 2009 13:02
Read more...
 
Friday, 15 May 2009 04:00

ရေအားလျှပ်စစ်စီမံကိန်းများနှင့် အနာဂတ်လျှပ်စစ်စွမ်းအား

(သောင်းခင်ဦး)

၁၅- ၅- ၀၉

 

            (၆၄)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်၊ လင်းခေး မြို့နယ်အတွင်းရှိ ကျိုင်းတောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဖွင့်ပွဲကို ၂၀၀၉ ခုနှစ်၊ မတ်လ (၂၁)ရက်နေ့က နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့သည်။

 

ကျိုင်းတောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် စက်တပ်ဆင်အား ၁၈ မဂ္ဂါဝပ်ရှိသော တာဘိုင်စက်(၃)လုံး၊ စုစုပေါင်း စက်တပ်ဆင်အား ၅၄ မဂ္ဂါဝပ် တပ်ဆင်လျက် တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း (၃၇၇)သန်း မောင်းနှင်ထုတ်လုပ်ပေးနိုင်ပြီး ယခုအခါ နိုင်ငံတော် ဓာတ်အားကွန်ယက်သို့ ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အား ပို့လွှတ်လျက်ရှိပြီ ဖြစ်သည်။

Last Updated on Monday, 18 May 2009 11:36
Read more...
 
Thursday, 14 May 2009 04:33

 

နယ်မြို့များရှိ  NLD  ပါတီဝင်များမှလည်း ဒေါ်စုကြည် ကို ဝေဖန်

၁၄-၅-၀၉

 (၁၁-၅-၀၉)ရက်နေ့တွင် ချမ်းအေးသာဇံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊  အကွက်(၆၁၀)ရှိ မန္တလေးတိုင်း NLD ပါတီ တွဲဖက်အတွင်းရေးမှူး ဦးမောင် မောင်သန်းနေအိမ်၌ ပြင်ဦးလွင်ခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သည့် ပြင်ဦးလွင်၊ မတ္တရာ၊ မိုးကုတ်၊ စဥ့်ကူးမြို့နယ်များမှ NLD ပါတီဝင်များ လာရောက်ပြီး တွေ့ ဆုံဆွေးနွေးပွဲ ပြုလုပ်သွားပါသည်။

Last Updated on Friday, 15 May 2009 04:30
Read more...
 
Wednesday, 13 May 2009 04:42

 

သမ္မတ အိုဘားမားအစိုးရ၏ လက်တွေ့ကျသော နိုင်ငံခြားရေး မူဝါဒနှင့် မြန်မာ- အမေရိကန် ဆက်ဆံရေး အလားအလာ သုံးသပ်ချက်(ဒုတိယပိုင်း)

ဦးကိုကိုလှိုင်(Sunday Talk)

၁၃ - ၅ - ၀၉

 

နှစ်နိုင်ငံအပြန်အလည် ပူးပေါင်းဆောင်ရွက်မှုများမှာလည်း လွတ်လပ်ရေးရစ အချိန်ကပင်စတင်ခဲ့ခြင်းဖြစ် သည်။ ၁၉၅၀ ပြည့်လွန်နှစ်များတွင် နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များအရအမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ထောက်ပံ့ငွေ၊ ချေးငွေများပေးအပ်၍ ကူညီိခဲ့သကဲ့သို့ အစိုးရမဟုတ်သောအဖွဲ့အစည်းများက လည်း မြန်မာပညာတော်သင်များအတွက် ထောက်ပံ့ကူညီမှုများ၊မြန်မာနိုင်ငံ၏ပညာရေးကဏ္ဍတွင်ပါဝင်ကူညီမှုများပြု လုပ်ခဲ့သည်။

Last Updated on Thursday, 14 May 2009 12:47
Read more...
 
Tuesday, 12 May 2009 12:19

 

ဒေါ်စုကြည် အား  NLD-CEC များ ဝေဖန်ပြီ

၁၃ - ၅ - ၀၉

 

(၁၁-၅-၀၉) ရက်နေ့ (၁၃၀၀)မှ (၁၄၃၀) ချိန်ထိ ဗဟန်းမြို့နယ်ရှိ NLD ပါတီဌာနချုပ်ရုံး၌ NLD-CEC အဖွဲ့ဝင်များဖြစ်သော ဦးဝင်းတင်၊ ဦးလှဖေ၊ ဦးခင်မောင်ဆွေ၊ ဦးစိုးမြင့်၊ ဦးသန်းထွန်း၊ ဦးလွန်းတင်နှင့် ဦးလှဖေတို့တွေ့ဆုံ ၍ အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ပါသည်။

 

 အစည်းအဝေး၌ ဦးဝင်းတင်မှ ပြောဆိုရာတွင် ဒေါ်စုကြည်၏နေအိမ်ခြံတွင်းသို့ အမေရိကန်နိုင်ငံသားဝင်ရောက် မှုနှင့်ပတ်သက်၍ ပြည်ပမီဒီယာအချို့မှ ဒေါ်စုကြည်သည် အမေရိ ကန်နိုင်ငံသားကို ၄င်း၏နေအိမ်အောက်ထပ်တွင်ညအိပ်ခွင့်ပြုခဲ့သည်ဟု လွှင့် ထုတ်လာသည်မှာ NLD  အတွက်မကောင်းကြောင်းမိမိတို့ မှ ပါတီခေါင်းဆောင် ဆိုပြီး တင်မြှောက်ထားသောလည်း ကိုယ်ရေး ကိုယ်တာ ကိစ္စပိုင်းများတွင် မကောင်း သတင်းများထွက်နေသည့် အတွက် ပါတီ အလားအလာ မကောင်းကြောင်း ၊ ယခုဖြစ်ရပ်သည် ကိုယ်ရေး ကိုယ်တာ ကိစ္စဖြစ်သောလည်း  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်ကို ထိခိုက်ကြောင်းကို ပြောကြားလိုကြောင်း ။

Last Updated on Friday, 15 May 2009 04:31
Read more...
 
More Articles...
«StartPrev1234567NextEnd»

Page 5 of 7
Copyright © 2009 Tharkinwe Myanamr True News. All Rights Reserved.

Hit Account

Content View Hits : 1398856

လက်ရှိကြည့်ရှုနေသူ

We have 5 guests online

ကြေညာချက်အမှတ်(၁/၂၀၀၇)

ပါတီခေါင်းဆောင် ဒေါ်စုကြည် အနေဖြင့် အောက်ဖေါ်ပြပါ အချက် များအား လိုက်နာပါက နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် လက်ခံတွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

   (၁)     ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံ ပျက်သုန်းရေး။

   (၂)     မြန်မာနိုင်ငံအား စီးပွားရေး အဆက်အသွယ်ဖြတ်တောက်ရေး အပါအ၀င် အလုံးစုံ ပိတ်ဆို့ရေး အား ဒေါ်စုကြည်မှ စွန့်လွှတ်သွားရေး ကြေညာရန် ဖြစ်ပါသည်။

 

 

အင်:ယားအလွမ်းပြေ

အင်ယားအလွမ်းပြေ