Tharkinwe
Sunday, 04 October 2009 12:23

မင်္ဂလာဒုံမြို့နယ် ချိန်ကိုက်ဗုံး တွေ့ရှိသိမ်းဆည်း

(4-10- 09 )ရက်နေ့ (၁၀၀၀)ချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ဇေ ကမ္ဘာစက်မှုဇုံ၊ အမှတ်(၁၃)ရှိ ဗ-၁ အထည်ချုပ်စက်ရုံရှေ့ တယ်ပင်အောက် ၌ မသင်္ကာဖွယ်ရာ ကျွပ်ကျွပ်အိတ်အနက်ဖြင့် ထုတ်ထားသောအထုပ်(၁)ထုပ် အား စက်ရုံဝန်ထမ်း မင်းမင်းစိုး(ဘ)ဦးသန်းစိုးမှတွေ့ရှိ၍ သက်ဆိုင်ရာတာ ၀န်ရှိသူများထံသို့ သွားရောက်အကြားကြားခဲ့ကြောင်း၊ ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကြည့်ရှု့စစ်ဆေးခဲ့ရာ ချိန်ကိုက်နာရီ(၁)လုံး၊ စူပါဓါတ်ခဲခြောက် (၃)လုံး(တစ်လုံးမှာ နာရီတွင်တင်ဆင်ထားခြင်း)၊ ဒီတိုနေတာ(၁)ခု၊ ၀ါယာကြိုး အဖြူ/အစိမ်း(၂)ချောင်း၊ (၁)လက်မအရွယ်ရှိ သံ(၂၀)ကျပ်သားခန့်နှင့် ယမ်း ပျော့တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း၊ အဆိုပါ ချိန်ကိုက်ဗုံးဟုယူဆရသော အထုပ်သည် (၁၁၄၅)ချိန်တွင်ပေါက်ကွဲစေရန် ချိန်ကိုက်ထားကြောင်း သတင်း ရရှိပါသည် ။

Last Updated on Thursday, 13 May 2010 04:52
 
Thursday, 17 September 2009 10:05

NLD ပါတီဝင် လူငယ်တစ်ဦး လူထု သေကြေပျက်ဆီးစေရန် ရည်ရွယ်ချက် ချိန်ကိုက်မိုင်း ပြုလုပ်နေစဉ် ဖမ်းဆီးရမိ

(၁၇-၉-၀၉)

(၁၆-၉-၀၉) ရက်နေ့ (၁၆၁၀)ချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ် (၁)ရပ်ကွက်၊ မြို့သစ်(၁)လမ်း၊ အမှတ်(၄၆/က)တွင်နေထိုင်သော မရမ်းကုန်း မြို့နယ် NLD ပါတီလူငယ်အဖွဲ့ဝင် မင်းမင်းအောင်(၃၆)နှစ်(ဘ)ဦးအောင်ဌေး နေအိမ်သို့ သက်ဆိုင်ရာတာဝန်ရှိသူများမှ သတင်းအရ၀င်ရောက်ရှာဖွေရာ အဆိုပါအိမ်အတွင်းရှိ စားပွဲခုံတစ်လုံးပေါ်တွင် အလျှား(၇)ပေခွဲခန့်ရှိ PVC သုံးမတ်အရွယ် ရေပိုက်ဖြင့်ပြုလုပ်ထားသော ချိန်ကိုက်ထားသော လက်လုပ်မိုင်း တစ်ခု၊ အလေးချိန်(၁၅)ကျပ်သားခန်ရှိ သတင်းစာဖြင့်ထုတ်ထားသော ယမ်း တစ်ထုပ်၊ ဘောစေ့၊ တုတ်ပါသောမီးခြစ်ဆံဘူးခွံတစ်ခု၊ အ၀ါရောင် မီးတိတ်(၁) ခွေအပါအ၀င် ဖောက်ခွဲရေးစပ်ဆက်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီး မင်း မင်းအောင် အား သက်ဆိုင်ရာမှ စစ်ဆေးလျှက်ရှိကြောင်း သိရှိရပါသည်။

Last Updated on Thursday, 13 May 2010 04:58
 
Thursday, 17 September 2009 09:56

အကြံပတ်စက် စကော လောက်မှ ဇောက်မနက်သော သောင်းကျန်းသူ အဖျက်သမားများမှ ချိန်ကိုက်မိုင်းများ ရန်ကုန်ဆင်ခြေဖုန်း နေရာ များတွင် အသံဗုံးများ ဖေါက်ခွဲခြင်း

(၁၇-၉-၀၉)

 

(၁၆-၉-၀၉) ရက်နေ့ (၂၃၄၅)ချိန်တွင် လှိုင်သာယာမြို့နယ်၊ (၅)ရပ် ကွက်၊ ရန်ကုန်-ပုသိမ်ကားလမ်း၏ အောက်လမ်း၊ အကွက်အမှတ် (၁၉၄၄/D) ရှိ UMW စက်ယန္တရားစက်ရုံမျက်နှာစာ (ယာဘက်)မြက်ခင်းပြင်၌ ချိန်ကိုက်ဗုံး (၁)လုံးပေါက်ကွဲမှုကြောင့် အနက်(၃)ပေ၊ အကျယ်(၃)ပေမြေကျင်း ဖြစ်သွား ခဲ့ပါသည်။

 

Last Updated on Thursday, 13 May 2010 05:06
Read more...
 
Friday, 04 September 2009 07:40


ပြည်တွင်းမှ သစ်များ ခိုးထုတ်သည့် KNU သစ်နှင့် လက်နက်လဲလှယ်

(၄-၉-၀၉)

သာကီနွယ်

(၂၁-၈ -၂၀၀၉)ရက်နေ့ ညနေပိုင်း ၆ နာရီ အချိန်ခန့် တွင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲလ မတ်မြို့နယ်၊ ဟွေ့မီရွာရှိ ထိုင်းနယ်ခြားစောင့်လုံခြုံရေးတပ်ရင်း အမှတ်(၄)၊ ခွဲ(၃)၊ စု(၂)မှ ဒုတပ်စုမှူး တပ်ကြပ်ကြီး ထာနင်ဗွန်ယျမနီနှင့်

Last Updated on Friday, 04 September 2009 07:51
Read more...
 
Monday, 17 August 2009 10:22


အမေရိကန် အထက်လွှတ်တော် အမတ် Jim Webb မင်္ဂလာဒုံလေဆိပ် တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွား

သာကီနွယ်

(၁၇-၈-၀၉)

(၁၆-၈-၀၉ )ရက်နေ့ (၁၃၀၀)ချိန်မှ(၁၃၁၅)ချိန်ထိ အမေရိကန် အထက် လွှတ်တော်အမတ် Jim Webb နှင့် ပြည်တွင်းရှိ ပြည်ပအသံလွှင့် ဌာနများ ၏ဌာနေ သတင်းထောက်များနှင့်ဂျာနယ် သတင်းထောက်များ အား မင်္ဂလာဒုံလေဆိပ် ပြည်ပထွက်ခွာဆောင်တွင် သတင်းစာ ရှင်းလင်း ပွဲပြုလုပ် သွားကြောင်း သိရှိရပါသည်။

 

Last Updated on Monday, 17 August 2009 10:38
Read more...
 
Friday, 14 August 2009 12:34


ဘာဆက်လုပ်ရမှန်း မသိ ဖြစ်နေသော NLD ပါတီ

သာကီနွယ်

(၁၄-၈-၀၉)

ဗဟန်းမြို့နယ်ရှိ NLDဋ္ဌာနချုပ်ရုံး၌ NLD ပါတီရွေးချယ်ခံကိုယ်စားလှယ် များဖြစ်ကြသော ဦးကြည်ဝင်း၊ ဦးဝင်းမြင့်၊ ဦးဥာဏ်ဝင်း၊ ဦးထွန်းထွန်းဟိန်း၊ ဦးဟန်သာမြင့်၊ ဦးစိန်လှဦးတို့မှ (၂၀၀၉)ခုနှစ် စက်တင်ဘာလ(၂၉)ရက်နေ့တွင် NLDဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့၊NLDဗဟိုလူငယ်လုပ်ငန်းဖော် ဆောင်ရေး အဖွဲ့၊ ပြည်နယ်/တိုင်းအသီးသီးရှိ  NLDအမျိုးသမီးလုပ်ငန်းအဖွဲ့၊ NLDလူငယ် အဖွဲ့ဝင်များနှင့် အထူးအစည်းအဝေးတစ်ရပ်ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

Last Updated on Friday, 14 August 2009 12:40
Read more...
 
Friday, 14 August 2009 11:28

 


အလုပ်နှင့် အပြော တူညီရန်ခက်

သာကီနွယ်

(14-8-09)

ယခုရက်ပိုင်းများအတွင်း သာကီနွယ် သတင်း Web page တွင် သတင်းများ တင်ခြင်း အတွက် connection အခက်အခဲ ၊ Harker များ ဒဏ်ကြောင့် webpage အား ပြန်လည်တည်ဆောက်နေရသည့် တစ်ကြောင်း ၊အကြောင်းများစွာ ကြောင့် သတင်းရေးသား တင်ပြနေခြင်းများ ဆိုင်းငံ့သွားခဲ့ပါသည်။

 

Last Updated on Friday, 14 August 2009 11:43
Read more...
 
More Articles...
«StartPrev1234567NextEnd»

Page 2 of 7
Copyright © 2009 Tharkinwe Myanamr True News. All Rights Reserved.

Hit Account

Content View Hits : 1398844

လက်ရှိကြည့်ရှုနေသူ

We have 5 guests online

ကြေညာချက်အမှတ်(၁/၂၀၀၇)

ပါတီခေါင်းဆောင် ဒေါ်စုကြည် အနေဖြင့် အောက်ဖေါ်ပြပါ အချက် များအား လိုက်နာပါက နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် လက်ခံတွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

   (၁)     ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံ ပျက်သုန်းရေး။

   (၂)     မြန်မာနိုင်ငံအား စီးပွားရေး အဆက်အသွယ်ဖြတ်တောက်ရေး အပါအ၀င် အလုံးစုံ ပိတ်ဆို့ရေး အား ဒေါ်စုကြည်မှ စွန့်လွှတ်သွားရေး ကြေညာရန် ဖြစ်ပါသည်။

 

 

အင်:ယားအလွမ်းပြေ

အင်ယားအလွမ်းပြေ