| Saturday, 30 May 2009 13:13 | |||
|
ဒလမြို့နယ် ဓနုတ်စေတီ ထီတော်မှ စ၍ပြန်လည်ပြိုကျ ၃၀ - ၅ - ၀၉ ရန်ကုန်တိုင်း ဒလမြို့နယ် ဓနုတ်ကျေးရွာ တွင် တည်ထားကိုးကွယ်ထားသော ဓနုတ်စေတီတော်ကြီးသည် ၂၀၀၆ ခုနှစ် တွင် စေတီ ကိုယ်လုံးတော်မှ အတ်ကြောင်းမှ တွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာ မှ အဆိုပါအတ်ကြောင်းများမှ ပြို ကျ မှုမရှိစေရေး ပြုပြင်နေစဉ် ၂၀၀၆ ခုနှစ် ဇူလိုင်လ မိုးတွင်းကာလအတွင်း အလုပ်သမားများအနားယူနေသည့် အချိန် နံနက်ပိုင်း ၃ နာရီ ၁၅ မိနစ်တွင် စေတီကိုယ်လုံးတော်ကြီး တစ်ခုလုံ အရှေ့ဖက် အရပ်မှ တစ်ခြမ်းပဲ့ ကာ ပြိုကျခဲ့ပါသည်။
အဆိုပါစေတီတော် အား သက်ဆိုင်ရာမှ ပြန်လည်ပြုပြင်မွမ်းမံရေးအတွက် ရွှေတိဂုံစေတီတော်တွင်အလှူခံမဏ္ဍန် ဖွင့်လှစ်ခြင်း၊ မြို့နယ်များအလိုက် ယာဉ်တန်းဖြင့်လှည့်လည်ကာ အလှူခံခြင်းများ ဖြင့် ပြည်သူလူထု ထည့်ဝင်ငွေ များဖြင့် ပြန်လည်ပြုပြင် မွမ်းမံခဲ့ ရာ ထီတော်တင်ခြင်း အခမ်းအနားကို ၂၀၀၉ ခုနှစ် မေလ ၇ ရက်နေ့တွင် နိုင်ငံ တော် အစိုးရ မှ ကမကထပြုကာ ဆောက်ရွက်ခဲ့ပါသည်။ထီတော်တင်ပြီနောက်ပိုင်း တွင်လည်းကျေးရွာများမှ လုပ် အား ဒါန အလှူရှင်များ၊ တပ်မတော်သား လုပ်အားဒါန အလှူရှင်များ စသည့်ဖြင့် ၀ိုင်းဝန်းဆောင်ရွက်ကြပါသည်။
သို့သော် ယနေ့ ၂၀၀၉ ခုနှစ်မေလ ၃၀ ရက်နေ့ ၁၄၀၅ နာရီ အချိန် တွင် မြောက်ဖက်မုဒ်မှ စ၍ပြိုကျကာ ၁၅၀၅ နာရီအချိန်တွင် စိန်ဖူးတော်မှ စ၍ ၂ ကြိမ်တိုင်တိုင် အောက်ခြေ ၁၂၆ ပေထိတိုင်အောင် ပြိုကျ ပျက်ဆီးခဲ့ပါသည်။ ယခင် မပြုပြင်မီ အတိုင်း ကျန်ရစ်ခဲ့ပါသည်။ အဆိုပါ စေတီ ကိုယ်လုံတော် ပြိုကျ မှုကြောင့် ကျေးရွာများမှ လုပ်အားဒါန အလှူရှင်များ၊ တပ်မတော်သားများ နှင့် နေ့စားလာရောက်လုပ်ကိုင်သူများ (၂) ဦး သေဆုံးပြီး၊ (၃၅)ဦး ထိခိုက်ဒဏ်ရာရရှိသွားပါသည်။ သေဆုံးသူများမှာ ကိုအေးချမ်း (၃၀)နှစ် ဖြူးမြို့နယ် ၊ အလုပ်လာရောက်လုပ်ကိုင်သူနှင့် အခြားအမည် မသိ အမျိုးသား တစ်ဦး တို့ ဖြစ်ပါသည်။ ထိခိုက်ဒဏ်ရာ ရရှိသူများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ခဲ့ရပါသည်။ အဆိုပါဘုရားကြီးသည် သမိုင်းဝင်ဘုရားတစ်ဆူဖြစ်ပြီး လေမတိုက်၊ မိုးမရွာ ၊ မြေငလျင်မလှုပ် ထူးဆန်းစွာ ပြိုကျ မှုသည် အံ့သြရပါသည်။
ဘုရားသမိုင်းကို ပြန်လည်လေ့လာရပါက- သာသနာသက္ကရာဇ် ၂၃၆ ခုနှစ်တွင် အိန္ဒိယပြည်၌ တတိယသံဃာ သင်္ဂါယနာတင်ပွဲတွင် အာသောက မင်းတရားအား အမှုးထားပြီး ကျင်းပခဲ့သည်။ ထိုသံဃာသင်္ဂါယနာ တင်ပွဲကို အရှင်မဟာ မောဂလိပုတ္တတိဿ မဟော ထေရ် ကကြီးမှူးခဲ့၍ ထိုမထေရ်သည် သုဝဏ္ဍဘူမိခေါ် သထုံပြည်သို့ သာသနာပြုရန်အလိုငှာ အရှင်သောဏထေရ် နှင့် အရှင် ဥတ္တရ ထေရ်တို့ကို စေလွှတ်ခဲ့ပါသည်။
အဆိုပါ အရှင် ၂ ပါးသည် သထုံပြည်သို့ ကြွချီလာရာတွင် သထုံဘုရင် စူဠသိရီ မဟာသောကမင်းသည် အရှင် ၂ ပါးအား အိန္ဒိယပြည် အာသေက မင်းတရားထံမှ ဓါတ်တော်များတောင်းပြီးပူဇော်ရန် လျှောက်ထားခဲ့ပါသည်။ အရှင် ၂ ပါးမှ ၄င်းတို့ နှင့် အတူပါလာသည့် အရှင်အနုရုဒ္ဓါ တို့ တွင်အကြီးဆုံးဖြစ်သော အရှင်ကိဿဂုတ္တ ကိုအမှူးထားပြီး တွံ့တေး ဒလသား ရှင်တိက္ခပညာ ရှင်သာဂရပညာ တို့အား အိန္ဒိယပြည် ပါဋလိပုတ္တရာပြည်သို့ စေလွှတ်ခဲ့ပါသည်။
ထိုအခါအရှင်တိက္ခနှင့် အရှင်သာဂရ တို့သည် ရှင်မောဂလိပုတ္တိသာနှင့် အာသောက မင်းထံမှ ရရှိခဲ့သည့် ဆံတော် (၇၈)ဆူနှင့် ဓါတ်တော် သုံးစလယ်တို့ အနက် ၊ ဆံတော် (၂၄)ဆူနှင့် ဓါတ်တော် တစ်စလယ်တို့ကို ဝေစု အဖြစ်ရရှိခဲ့ပါ သည်။
၎င်းဆံတော်နှင့် ဓါတ်တော်တို့ကို ဝေစုအဖြစ်ရရှိခဲ့ကြသည် အရှင်သောဏနှင့် ဥတ္တရ ထေရ်တို့ကိုလည်း ဒဂုန်-ဒလ နယ်များတွင် စေတီတည်ထားကိုးကွယ်ရန်နှင့် တိက္ခနှင့် ရှင်သာဂရ တို့ထံ လွှဲအပ်တော်မှုလေသည်။ထိုစဉ်က ဒလ နယ်၌ လေးသည် ဟူသော ရွာတစ်ရွာရှိသည်။ ရန်ကုန်မြစ်ဝ ပင်လယ်ကမ်းပါးရွာ ဖြစ်လေသည်။လေးသည်ရွာ ၏အကြီး အကဲ သံဃာတော် အရှင်သုဇတသည် သထုံမင်း သီရီမဟာ သောက ၏ အထောက်အပံ့ဖြင့် တိုက်တန် ဆောင်း တစ်ခုကို ရွာသားများအား တည်ဆောက်စေသည်။ထိုတိုက်အလယ်၌ ကျောက်ပလ’င် တစ်ခုကိုပြုလုပ်စေသည် လေလုံဖန်ဖူးနှင့် ထည့်ထားသည့် ဆံတော် (၂၂)ဆူကိုလည်းကောင်း၊ ဖန်ဘူးဖြင့်ထည့်ထားသည့်ဓါတ်တော် (၂၂) ဆူကို လည်းကောင်း ကလာပ်၌ ထည့်ထားလျှက် စေတီတည်၏။
သထုံမင်းအဆက်ဆက်တို့သည် စေတီပြိုသောအခါ၌လည်းကောင်း၊ ပျက်သောအခါ၌လည်းကောင်း ပြုပြင်ခဲ့ကြကြောင်း ကို ဓနုတ်ကျောက်စာတွင်ရေးထိုးထားလေသည်။ ဓနုတ်စေတီ ၏သမိုင်းသည် စေတီ တည်ခဲ့သည်မှ အနောရထာမင်း လက်ထက်တိုင်အောင် နှစ်ပေါင်း ၁၃၆၀ ကျော်အတွင်း တိမ်မြုပ်ခဲ့သောလည်း စေတီသည် သမိုင်းဝင် ဆံတော်ရှင် စေတီ တစ်ဆူ သာသနာ့ အဆောက်အဦး တစ်ခုဖြစ်ပါသည်။
Add your comment
|
|||
| Last Updated on Monday, 01 June 2009 04:19 |


