Friday, 04 September 2009 07:40


ပြည်တွင်းမှ သစ်များ ခိုးထုတ်သည့် KNU သစ်နှင့် လက်နက်လဲလှယ်

(၄-၉-၀၉)

သာကီနွယ်

(၂၁-၈ -၂၀၀၉)ရက်နေ့ ညနေပိုင်း ၆ နာရီ အချိန်ခန့် တွင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲလ မတ်မြို့နယ်၊ ဟွေ့မီရွာရှိ ထိုင်းနယ်ခြားစောင့်လုံခြုံရေးတပ်ရင်း အမှတ်(၄)၊ ခွဲ(၃)၊ စု(၂)မှ ဒုတပ်စုမှူး တပ်ကြပ်ကြီး ထာနင်ဗွန်ယျမနီနှင့်

KNU တပ်မဟာ (၇)စစ်ဆင်ရေးမှူး ဗိုလ်မှူးကြီးအဆင့်ရှိ စောဖော့ဒို၊ ဗိုလ်မှူးကြီးအဆင့်ရှိ ဓူဝံတို့သည် မြန်မာနိုင်ငံမှ ခိုးသွင်းလာသော သစ်(၅၆)တန်အား ထိုင်းသစ်ကုမ္ပဏီထံသို့ စစ်သုံးလက်နက်နှင့် လဲလှယ်နိုင်ရေးဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ယင်းသစ်များမှာ ခွဲသားအဖြစ်ပြုလုပ်ပြီးဖြစ်၍ တစ်တန်လျှင် ဘတ်(၁၃၀၀၀)နှုန်းဖြင့် ရောင်းချ မည်ဖြစ်ကြောင်း နှင့် ရောင်းချလို့ရသော ငွေများကို လက်နက်ငယ်မျိုးစုံ(၅၀)လက်၊ ကျည်မျိုးစုံ(၁၅)သေတ္တာနှင့်လဲလှယ်၍ လက်နက်/ခဲယမ်းများအား ထိုင်းနယ်ခြားစောင့် လုံခြုံရေးတပ်ရင်း အမှတ်(၄)၊ ခွဲ(၃)၊ စု(၂)မှ ဒုတပ်စုမှူး တပ်ကြပ်ကြီး ထာနင်ဗွန်ယျမနီ၏ ကူညီပို့ ဆောင်မှုဖြင့် မယ်ဟောင်ဆောင်ခရိုင်၊ စွပ်မေမြို့နယ်ဘက်သို့ သယ်ဆောင် သွားမည် ဖြစ်ပါသည်။ စွမ်မေမြို့နယ်မှ တဆင့် ပြည်တွင်းသို့ သယ်ဆောင်ရန် ပြင်ဆင်နေကြောင်းနှင့် ပြည်တွင်းတည်ငြိမ်းအေးချမ်းမှုများကို ပျက်ပြားစေရန် ဖေါက်ခွဲဖျက်ဆီးရေး လုပ်ငန်းများ၊ တပ်မတော် စစ်ကြောင်းများအား နှောင့်ယှက်တိုက်ခိုင်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ကြားသိရပါသည်။

 

Add your comment

Your name:
Your email:
Subject:
Comment (you may use HTML tags here):
Last Updated on Friday, 04 September 2009 07:51
 
Copyright © 2009 Tharkinwe Myanamr True News. All Rights Reserved.

Hit Account

Content View Hits : 1398857

လက်ရှိကြည့်ရှုနေသူ

We have 5 guests online

ကြေညာချက်အမှတ်(၁/၂၀၀၇)

ပါတီခေါင်းဆောင် ဒေါ်စုကြည် အနေဖြင့် အောက်ဖေါ်ပြပါ အချက် များအား လိုက်နာပါက နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် လက်ခံတွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

   (၁)     ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံ ပျက်သုန်းရေး။

   (၂)     မြန်မာနိုင်ငံအား စီးပွားရေး အဆက်အသွယ်ဖြတ်တောက်ရေး အပါအ၀င် အလုံးစုံ ပိတ်ဆို့ရေး အား ဒေါ်စုကြည်မှ စွန့်လွှတ်သွားရေး ကြေညာရန် ဖြစ်ပါသည်။

 

 

အင်:ယားအလွမ်းပြေ

အင်ယားအလွမ်းပြေ