Thursday, 17 September 2009 09:56

အကြံပတ်စက် စကော လောက်မှ ဇောက်မနက်သော သောင်းကျန်းသူ အဖျက်သမားများမှ ချိန်ကိုက်မိုင်းများ ရန်ကုန်ဆင်ခြေဖုန်း နေရာ များတွင် အသံဗုံးများ ဖေါက်ခွဲခြင်း

(၁၇-၉-၀၉)

 

(၁၆-၉-၀၉) ရက်နေ့ (၂၃၄၅)ချိန်တွင် လှိုင်သာယာမြို့နယ်၊ (၅)ရပ် ကွက်၊ ရန်ကုန်-ပုသိမ်ကားလမ်း၏ အောက်လမ်း၊ အကွက်အမှတ် (၁၉၄၄/D) ရှိ UMW စက်ယန္တရားစက်ရုံမျက်နှာစာ (ယာဘက်)မြက်ခင်းပြင်၌ ချိန်ကိုက်ဗုံး (၁)လုံးပေါက်ကွဲမှုကြောင့် အနက်(၃)ပေ၊ အကျယ်(၃)ပေမြေကျင်း ဖြစ်သွား ခဲ့ပါသည်။

 

 

(၂၄၀၀)ချိန်တွင် လှိုင်သာယာမြို့နယ်၊ အကွက် အမှတ် (၁၉၄၄/A)၊ United Power စက်ယန္တရားစက်ရုံ ဂိုဒေါင်အတွင်းရှိ မြေတူးစက်၏ဗိုက်အောက်၌ ချိန်ကိုက်ဗုံး(၁)လုံးပေါက်ကွဲမှုကြောင့် ကွန်ကရစ် ပေါက်ပြဲခြင်းနှင့် မြေတူးစက်၏ဘီးပေါက်ပြဲခြင်းတို့ ဖြစ်ပွားခဲ့ပါသည်။

 

(၁၇-၉-၀၉) ရက်နေ့ (၀၀၅၂)ချိန်တွင် လှိုင်သာယာစက်မှုဇုံ(၃)၊ အကွက်အမှတ်(၆၆)ရှိ Fly Man သစ်အချောထည်စက်ရုံ မျက်နှာစာခြံစည်းရိုး၌ ချိန်ကိုက်ဗုံး(၁)လုံး ပေါက်ကွဲမှုကြောင့် (၃_၄)ပေပတ်လည် ခြံစည်းရိုးပျက်စီးသွားခဲ့ပါသည်။

 

ထို့နောက် တပြိုင်နက်တည်းတွင် စက်မှုဇုံ(၃)၊အမှတ်(၅)၊ စက်မှုဇုံနယ်မြေရဲကင်း အနီး န၀ဒေးလမ်းမဘေး၌ ချိန်ကိုက်ဗုံး(၁)လုံးပေါက်ကွဲမှုကြောင့် သစ်ပင်တစ်ပင် ပျက်စီးသွားခဲ့ပါသည်။

 

(၀၁၃၀)ချိန်တွင် လှိုင်သာယာစက်မှုဇုံ(၃)၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ အကွက်အမှတ်(၆၈)ရှိ ASIA စက္ကူဘူးပစ္စည်းသို လှောင်ရုံရှေ့ မျက်နှာစာခြံစည်းရိုး၌ ချိန်ကိုက်ဗုံး(၁)လုံးပေါက်ကွဲမှုကြောင့် ခြံစည်း ရိုးပျက်စီးခြင်းတို့ဖြစ်ပွားခဲ့ပါသည်။

 

လှိုင်သာယာမြို့နယ်အတွင်း စုစုပေါင်း ပေါက်ကွဲမှု(၅)ကြိမ်ဖြစ်ပွားပြီး အဆိုပါပေါက်ကွဲမှုကြောင့် လူအသေအပျောက် မရှိဘဲ ပျက်စီးဆုံးရှုံးမှု အနည်းငယ်သာရှိကြောင်း သတင်းရရှိပါသည်။

 

အလားတူ (၁၇-၉-၀၉)ရက်နေ့ (၀၄၃၀)ချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ Asia Optical မှန်ဘီလူးစက်ရုံခန်းအတွင်း စက်ခန်း(အပေါ်ထပ်)၊ရေပိုက် Generator ထည့်သောအခန်းအတွင်း ချိန်ကိုက်ဗုံး(၁)လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသည်။

 

အဆိုပါချိန်ကိုက်ဗုံးပေါက်ကွဲမှုကြောင့် ရေပိုက်ပျက်စီးခဲ့ပြီး လူအသေအပျောက် မရှိခဲ့ပါ။ ထို့နောက် (၀၉၃၀)ချိန်ခန့်တွင် သက်ဆိုင်ရာတာဝန်ရှိ သူများမှ ဆက်လက်၍ ရှာဖွေစစ်ဆေးမှုများပြုလုပ်နေစဉ် မသင်္ကာဘွယ်ရှိသော အလျား (၆)လက်မ၊ အနံ(၂)လက်မအရွယ်ရှိ အထုပ်(၂)ထုပ်အား ဖွင့်ဖေါက်စစ်ဆေး ခဲ့ရာ (၀၉၀၀) ချိန်တွက် ပေါက်ကွဲ ရန်အသင့် ဖြစ်နေသော မပေါက်ကွဲသေးသော ချိန်ကိုက်ဗုံး(၁)လုံး တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည် ။

 

၎င်းအပြင် (၁၇-၉-၀၉) ရက်နေ့ (၀၀၃၀) ချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ ရွှေပေါက်ကံစက်မှုဇုံ၊ ကနောင်လမ်းမနှင့် ကံ့ကော်လမ်း ကြား၊ အကွက်အမှတ်(၁၈။၂၀)၊ (၂၃ ။၃၂)၊ (၃၅ ။ ၃၆)ရှိ JOONA အထည် ချုပ်စက်ရုံ၏အနောက်ဘက်ရှိ Transformerထားသည့်နေရာနှင့် (၄)ပေခန့် အကွာ၌ ပေါက်ကွဲသံတစ်ခုကြားခဲ့ရာ စက်ရုံ၏ညလုံခြုံရေးသမားများမှ ယင်း ပေါက်ကွဲမှုကို Transformer ပေါက်ကွဲသည်ဟုယူဆ၍ သက်ဆိုင်ရာသို့ အကြောင်းမကြားခဲ့ကြောင်း၊

 

သို့သော် ရွှေပေါက်ကံနယ်မြေ အဖွဲ့မှ ကင်းလှည့် နေစဉ် ပေါက်ကွဲသံကြားသဖြင့် အဆိုပါစက်ရုံသို့သွားရောက် ကြည့်ရှု့စစ်ဆေး မှုများပြုလုပ်ခဲ့ရာ Transformer ပေါက်ကွဲ ခြင်းမဟုတ်ကြောင်း သိရှိခဲ့ရကြောင်း၊ သို့ဖြစ်၍ သက်ဆိုင်ရာတာဝန်ရှိသူများထံ ထပ်မံအကြောင်းကြားပြီး ဆက် လက်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ချိန်ကိုက်ဗုံးပေါက်ကွဲမှု ဖြစ်သည်ဟုယူဆခဲ့ ကြောင်းနှင့် ယင်းပေါက်ကွဲမှုကြောင့် လူအသေအပျောက်မရှိကြောင်း သိရှိရပါသည် ။

Add your comment

Your name:
Your email:
Subject:
Comment (you may use HTML tags here):
Last Updated on Thursday, 13 May 2010 05:06
 
Copyright © 2009 Tharkinwe Myanamr True News. All Rights Reserved.

Hit Account

Content View Hits : 1398863

လက်ရှိကြည့်ရှုနေသူ

We have 1 guest online

ကြေညာချက်အမှတ်(၁/၂၀၀၇)

ပါတီခေါင်းဆောင် ဒေါ်စုကြည် အနေဖြင့် အောက်ဖေါ်ပြပါ အချက် များအား လိုက်နာပါက နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် လက်ခံတွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

   (၁)     ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံ ပျက်သုန်းရေး။

   (၂)     မြန်မာနိုင်ငံအား စီးပွားရေး အဆက်အသွယ်ဖြတ်တောက်ရေး အပါအ၀င် အလုံးစုံ ပိတ်ဆို့ရေး အား ဒေါ်စုကြည်မှ စွန့်လွှတ်သွားရေး ကြေညာရန် ဖြစ်ပါသည်။

 

 

အင်:ယားအလွမ်းပြေ

အင်ယားအလွမ်းပြေ