| Sunday, 04 October 2009 12:23 | |||
|
မင်္ဂလာဒုံမြို့နယ် ချိန်ကိုက်ဗုံး တွေ့ရှိသိမ်းဆည်း (4-10- 09 )ရက်နေ့ (၁၀၀၀)ချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ဇေ ကမ္ဘာစက်မှုဇုံ၊ အမှတ်(၁၃)ရှိ ဗ-၁ အထည်ချုပ်စက်ရုံရှေ့ တယ်ပင်အောက် ၌ မသင်္ကာဖွယ်ရာ ကျွပ်ကျွပ်အိတ်အနက်ဖြင့် ထုတ်ထားသောအထုပ်(၁)ထုပ် အား စက်ရုံဝန်ထမ်း မင်းမင်းစိုး(ဘ)ဦးသန်းစိုးမှတွေ့ရှိ၍ သက်ဆိုင်ရာတာ ၀န်ရှိသူများထံသို့ သွားရောက်အကြားကြားခဲ့ကြောင်း၊ ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကြည့်ရှု့စစ်ဆေးခဲ့ရာ ချိန်ကိုက်နာရီ(၁)လုံး၊ စူပါဓါတ်ခဲခြောက် (၃)လုံး(တစ်လုံးမှာ နာရီတွင်တင်ဆင်ထားခြင်း)၊ ဒီတိုနေတာ(၁)ခု၊ ၀ါယာကြိုး အဖြူ/အစိမ်း(၂)ချောင်း၊ (၁)လက်မအရွယ်ရှိ သံ(၂၀)ကျပ်သားခန့်နှင့် ယမ်း ပျော့တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း၊ အဆိုပါ ချိန်ကိုက်ဗုံးဟုယူဆရသော အထုပ်သည် (၁၁၄၅)ချိန်တွင်ပေါက်ကွဲစေရန် ချိန်ကိုက်ထားကြောင်း သတင်း ရရှိပါသည် ။ Add your comment
|
|||
| Last Updated on Thursday, 13 May 2010 04:52 |

