|
Monday, 10 May 2010 12:46 |
|
ဝံသာနု NLDပါတီ ဖွဲ့စည်းခွင့်ကျ မန္တလေးတိုင်းအတွင်း စည်းရုံးမှုများ ပြုလုပ်သွားမည် ဟုဆို
NLD ပါတီ အဖွဲ့ချုပ်မှ အကြောင်းအမျိုးမျိုးကြောင့် နှုတ် ထွက်လမ်းခွဲခဲ့ကြသော ပါတီဝင် အဟောင်းများသည် ၀ံသာနု NLDပါတီဟူ၍ ပြန်လည်ဖွဲ့စည်းခဲ့ကြသလို ပါတီဖွဲ့စည်းတည်ထောင်ခွင့်ကို ၂၀၁၀ ခုနှစ် ဧပြီလ(၉)ရက်နေ့တွင် လျှောက် ထားတင်ပြခဲ့ရာ ဧပြီ(၂၃)ရက်နေ့၌ ဖွဲ့စည်းခွင့် ခွင့်ပြုမိန့်ကျပြီဖြစ်သည်။ သို့ကြောင့် မန္တလေးဈေးချိုအနီးတွင် အခြေစိုက်ရုံးဖွင့်လျက် မန္တလေးတိုင်း အတွင်း၌တွင်ပင် စည်းရုံးလှုပ်ရှားမှု များပြုလုပ်သွားမည်ဟု သိရသည်။
အဆိုပါ ၀ံသာနုNLDပါတီ၏ ဖွဲ့စည်းပုံတွင် အုပ်ချုပ်မှုပိုင်းဆိုင်ရာ ဥက္ကဋ္ဌတာဝန်ကို ဗဟိုအလုပ်အမှု ဆောင်အတွင်းရေးမှူး အပါအ၀င်(၅) ဦးမှ အလှည့်ကျ နှစ်လတစ်ကြိမ် ဆောင်ရွက်သွားမည်ဖြစ်ရာ ယခု အလှည့်ကျ ဥက္ကဋ္ဌဦးရဲမင်း၏အဆို အရNLDပါတီအဖွဲ့ချုပ်မှ ပါတီဝင် အချို့မှာ ၁၉၉၁၊၁၉၉၈၊၂၀၀၀၊၂၀၁၀ ခုနှစ်များတွင် အကြောင်းအမျိုးမျိုး ကြောင့် မိမိဆန္ဒအလျှောက်နှုတ်ထွက် ခဲ့ကြသည်။ ထိုကဲ့သို့ နှုတ်ထွက်ပါတီ ၀င်ဟောင်းများကို စုစည်းကာ နှုတ် ထွက် NLDဟူ၍ရပ်တည်ခဲ့ကြပြီး ၂၀၀၇ ခုနှစ်တွင်ဝံသာနု NLDပြည်ထောင်စုမြန်မာနိုင်ငံအဖြစ် တညီ တညွတ်တည်းဆုံးဖြတ်ကာ ပါတီတည် ထောင်ခြင်းဖြစ်သည်ဟုသိရသည်။ အဆိုပါ ပါတီအနေဖြင့် ရွေး ကောက်ပွဲဝင်ရန် ဆုံးဖြတ်ရာတွင် အမျိုးသားရေးအတွက်၊ တိုင်းပြည် အတွက် ရရာနေရာက တာဝန်ထမ်း ဆောင်ရင်း တဖြည်းဖြည်း ပြောင်းလဲ သွားမညဆိုသော ရည်ရွယ်ချက် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ ပါတီဥက္ကဋ္ဌဦးရဲမင်းမှ ထုတ်ဖော်ပြော ကြားခဲ့သည်။ ထို့အတူ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် လော လောဆယ် ကြိုတင်ပြင်ဆင်မှုအနေ ဖြင့် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်များသည် ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း၊ စီးပွားရေးကောင်း မွန်ခြင်း၊ နိုင်ငံရေးလုပ်ဆောင်ရာတွင် တက်<ကရွှင်လန်းစွာ လုပ်ကိုင်လိုစိတ် ရှိခြင်းတို့ကို ဦးစားပေးစိစစ်ရွေးချယ် နေသည်ဟုဆိုသည်။ ထို့အပြင် ပါတီ တစ်ခုအနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်မှာ ဘဏ္ဍာရေး သည် အဓိကကျသည့်နေရာတွင် ရှိ နေသည်ဖြစ်ရာ အဆိုပါ ပါတီအနေ ဖြင့် ဘဏ္ဍာရေးကဏ္ဍတွင် ရန်ပုံငွေ အဖြစ် အဖွဲ့ဝင်တစ်ဦးလျှင် တစ်လ ဘယ်လောက်ဟု သတ်မှတ်ထားရှိ သလို တချို့သောြွဥ အဖွဲ့တို့၏ အကူအညီကိုလည်း ရရှိနေသည်ဟု ဆိုသည်။
|
|
Last Updated on Thursday, 13 May 2010 04:44 |
Copyright © 2009 Tharkinwe Myanamr True News. All Rights Reserved.
အခြား Link များ
Hit Account
Content View Hits : 1398852
လက်ရှိကြည့်ရှုနေသူ
We have 5 guests online
ကြေညာချက်အမှတ်(၁/၂၀၀၇)

ပါတီခေါင်းဆောင် ဒေါ်စုကြည် အနေဖြင့် အောက်ဖေါ်ပြပါ အချက် များအား လိုက်နာပါက နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် လက်ခံတွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။
(၁) ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံ ပျက်သုန်းရေး။
(၂) မြန်မာနိုင်ငံအား စီးပွားရေး အဆက်အသွယ်ဖြတ်တောက်ရေး အပါအ၀င် အလုံးစုံ ပိတ်ဆို့ရေး အား ဒေါ်စုကြည်မှ စွန့်လွှတ်သွားရေး ကြေညာရန် ဖြစ်ပါသည်။
အင်:ယားအလွမ်းပြေ
အင်ယားအလွမ်းပြေ
