| Monday, 10 May 2010 13:00 | |||
|
နယ်စပ်ရှိ သောင်းကျန်းသူများ ပြည်ပ နိုင်ငံကြီး မှ အထောက်အပံ့ရယူပြီး ပြည်တွင်း တွင် ဖေါက်ခွဲရေး လုပ်ရန်ကြံစည် KNPP အဖွဲ့နှင့် KNU အဖွဲ့တို့မှဦးဆောင်၍ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ ၄င်းတို့နှင့် နီးစပ်သည့် ပြည်နယ်ဒေသများအတွင်းရှိ နိုင်ငံတော်အစိုးရပိုင် စက်ရုံအလုပ်ရုံများ၊ နိုင်ငံတော်အစိုးရနှင့် အကျိုးတူလုပ်ဆောင်နေသော ကုမ္ပဏီပိုင်လုပ်ငန်းကြီးများကိုဝင်ရောက်ပစ်ခတ်ခြင်း၊ ဖေါက်ခွဲရေးလုပ်ငန်း ဆောင်ရွက်ခြင်းတို့ကို (၁၀မေ)လ ပထမအပတ်မှစ၍ အရှိန်မြှင့်ဆောင်ရွက်သွားရန် ချိတ်ဆက်စီစဉ်လျှက်ရှိ ကြောင်း သိရှိရပါသည်။ ထိုသို့လုပ်ဆောင်ခြင်း၏ရည်ရွယ်ချက်မှာ နိုင်ငံတော်အစိုးရ၏ (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေ၊ (၂၀၁၀) ရွေးကောက်ပွဲဥပဒေနှင့် ၄င်းရွေးကောက်ပွဲကိုကန့်ကွက်ဆန့်ကျင်ကြောင်းပြသခြင်းဖြစ်ပြီး ပြည်နယ်^ပြည်မတန်းတူ ညီမျှခံစားခွင့်မရှိဘဲ ခွဲခြားနှိမ့်ချသည့်ဆက်ဆံမှုများရှိနေခြင်း၊ နယ်စပ်တစ်လျှောက်လူ့အခွင့်အရေး ချိုးဖေါက်ကျူး လွန်နေမှုများရှိနေခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် လူမျိုးစုငြိမ်းချမ်းရေးအဖွဲ့ဝင်များကို အင်အားသုံးကာအနိုင်ကျင့်မှုများရှိနေခြင်းတို့ကို ပြန်လည်တုန့်ပြန်သည့် တိုက်ခိုက်မှုများဆောင်ရွက်ခြင်းဖြစ်ကြောင်း အမှန်စစ်စစ် တွင် နိုင်ငံကြီး တစ်နိုင်ငံ မှ ထောက်ပံ့ပေးကမ်းနေသော ငွေကြေးများ ကို ပြည်တွင်း တွင် ဖေါက်ခွဲရေး ပြုလုပ်ခြင်း ဖြင့် Project ရှာ ငွေရှာ ခြင်းသာဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ပျက်ဆီးစေရေး ကြံ့ရွယ်မှုများ သာ ဖြစ်ပါသည်။
Comments (1)
ဖေါက်ခွဲရေး လုပ်ရန်ကြံစည် တဲသူတွေကို ရှင်းလင်းသင့်ပါတယ်။
1
Saturday, 15 May 2010 03:05
မင်းအောင်
ဖေါက်ခွဲရေး လုပ်ရန်ကြံစည် တဲသူတွေကို ရှင်းလင်းသင့်ပါတယ်။
Reply
Add your comment
|
|||
| Last Updated on Thursday, 13 May 2010 04:47 |

