| Thursday, 13 May 2010 12:03 | |||
|
ခါတော်မှီ နိုင်ငံရေး သမား ဆိုတာ ---- ကိုအေးလွင် ဦးစီးသော (88) မျိုးဆက်သစ်ကျောင်းသားများ (ပြည်ထောင်စု မြန်မာနိုင်ငံ)မှ ပါတီများ တည်ထောင်ခွင့် မှတ်ပုံတင်ခွင့် ပြုသော အခါ ကိုအေးလွင်သည် ၄င်း၏ ညီဖြစ်သူ ရဲထွန်း အား ဦးဆောင်စေပြီး (၈၈) မျိုးဆက်ကျောင်းသား လူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ) ဟူ၍ လည်းကောင်း ၊ ကိုအေးလွင် က ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲချုပ် အဖြစ် လည်း ကောင်း တရားဝင် မှတ်ပုံတင်ခဲ့ပါတယ်။
ကို အေးလွင် ရော ၊ ကိုရဲထွန်း (၈၈) အရေးအခင်းမှာ သူတို့ကပဲ ဦးဆောင်ခဲ့သယောင် ယောင် ပါတီများ နှင့် ပြည်တွင်း ဂျာနယ်များ တွေ့ဆုံမေးမြန်းခန်းမှာ ဖြေကြားသွားပါတယ်။ သူတို့ကပဲ ဦးဆောင်လို့ မဆလ ပါတီကြီး ပြုတ်ကျသယောင် ဖြေကြားသွားပါတယ်။ ကို အေးလွင် တို့ ညီအကို နှစ်ယောက်စလုံး ပညာအရည်းအချင်း နည်းပါးကျပါတယ်။ ကိုအေးလွင်ဆိုရင် စက်မှု တက္ကသိုလ် တတိယနှစ် နဲ့ ကျောင်းထွက်လာရပါတယ်။ ဆက်ပြီးတော့ ပညာ မသင်တော့ပါဘူး။ ကို ရဲထွန်း ဆိုရင်လည်း BSC (Math) နဲ့ ယောင်တောင်တောင်ဘွဲ့ရပြီး နိုင်ငံတကာရဲ့ နိုင်ငံရေး အတွေ့အကြုံ လည်း မရှိကြတာ သနား စရာ ကောင်းပါတယ်။ ကုန်ကုန်ပြောရရင် နိုင်ငံရပ်ခြားဆိုလို့ ဘန်ကောက်တောင် မရောက်ပါဘူး။ မဲဆောက်တော့ ခိုးသွားဘူးလောက်ပါတယ်။ တရားဝင် သွားရင် မဲဆောက်က မောင်များ သိရင် သတ်မှာစိုးလို့ ဖြစ်မှာပါ။ မဲဆောက်ကို ဘာလို့ခိုးသွားဘူးလည်း ဆိုရင် မော်လမြိုင်ဖက်ကို ကားမှောင်ခို သွားသယ်တုံးက ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် နှစ်ဆန်းပိုင်းလောက်ပါ။ အဖွဲ့ရံပုံငွေ အတွက်ဆိုပြီး အာဏာပိုင် များ ကို အကူအညီတောင်းပြီး Light Truck များ သယ်ပါတယ်။ နောက် မော်လမြိုင်က သူတို့ အဖွဲ့ဝင် ၂ ဦး ဖြစ်တဲ့ သောင်းညွန့်စိုး ၊ သိန်းညွန့်စိုး ညီအကို နှစ်ယောက်နဲ့ အဝေ မတည်တော့ သောင်းညွန့်စိုး တို့ ညီ အကို နှစ်ယောက်က ၄င်းတို့ အဖွဲ့က ထွက်လိုက်ပါတယ်။ ကို သိန်းတင်အောင် ဆိုရင် လည်း ဒီအတိုင်းပါပဲ ။ ရံပုံငွေ ကိစ္စတွေ့ အရှုတ်အထွေးများခြင်း၊ ညီအကို မောင်နှမ များသာ နေရာ ပေးခြင်း များကြောင့် ပါတီတည်မြဲရေး မခိုင်မြဲပါဘူး၊ ပါတီစည်းရုံးရေး လုပ်ငန်းများ ကို တိုင်းနှင့် ပြည်နယ်တွေမှာလုပ်ရင် လည်း ပညာမဲ့များပီပီ ဒေါ်အောင်ဆန်းစုကြည် ကို ရှိသမျှ အပြစ်ပုံချပြီး သူတို့ ကောင်းကြောင်း တွေ အမြဲ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို တောင် မကောင်းပြောပြီး ဆိုတော့ မင်းကိုနိုင် တို့ မိုးသီးဇွန် တို့ဆိုတာတော့ ရစရာ မရှိအောင်ပါပဲ။ ဒီတော့ ပြည်တွင်း မှာလည်း သူများမကောင်းကြောင်း ၊ကိုယ့်ကောင်းကြောင်း ပြောပြီး မဲဆွယ်တယ်ဆိုတာ သူတို့ရဲ့ နိုင်ငံရေး အဆင့်အတန်း၊ သူတို့ရဲ့ ပညာအရည်အချင်းကို ခန့်မှန်း နိုင်လောက်ပါတယ်။
ကိုအေးလွင်တို့ နှစ်ပါတီကို မတိုက်ခိုက်ပါ။ မြေပြင် တွေ့ရှိချက်များကို ချရေးခြင်း ဖြစ်ပါတယ်။ တကယ်တော့ ကိုအေးလွင်တို့ တည်ထောင်ထားတဲ့ နှစ်ပါတီ စလုံး အခြေစိုက်ရာ နေရာ ပုလဲ ကွန်ဒို၊ ဗဟန်းမြို့နယ်မှာ တည်ရှိပါတယ်။ အဲဒီအခန်းကလည်း တိုင်းပြည်က လူကြီးတွေကို အသနားခံပြီး နေစရာ မရှိလို့ တောင်းထားတာဖြစ်ပါတယ်။ အဖွဲ့ရံပုံငွေ အတွက် ငွေရှင်တွေစည်းရုံး တယ်။ ပြီးတော့ ငွေရှင် တွေအခက်အခဲဖြစ်တဲ့ အာဏာပိုင်တွေ ၀င်/ထွက်သွားလာရေး အတွက် သူတို့ အဖွဲ့ က ကြား ၀င် ဆောင်ရွက် ပေးပြီး အခကြေးငွေ ရယူပါတယ်။ဒီတော့ ဘယ်အာဏာပိုင် ကို ပဲ ၀င်တွေ့တွေ့ အာဏာပိုင် တွေထက် မြင့် သူတို့ အားကိုးရာ တိုင်းပြည်က လူကြီး တွေကို အသနား ခံ၊ အဘခင်ဗျား --- ကျနော့်တို့ အဖွဲ့ရံပုံငွေ အတွက် ကျနော် တို့ အဖွဲ့ဝင် ဦး ------ဘယ်သူရဲ့ အခက်အခဲလေးကို ကူညီပေးပါ။ ဆို ပြီး တောင်းလေ့ရှိပါတယ်။ မြိုးမြိုးမျက်မျက်လေးရတော့ ညီအကို တွေခွဲယူတယ်။ ဒါကို ကိုသိန်းတင်အောင် က သိတော့  လမ်းခွဲတာ မဆန်းပါဘူး။ ဟိုယခင် ပါတီ မထောင်ခင်ကပေါ့။ တကယ်တော့ ကိုအေးလွင် တို့ အဖွဲ့ဟာ ပုလဲကွန်ဒိုက အခန်းကျဉ်းလေးမှာ နေပြီး ရေဒီယို နားထောင်၊ TV ကြည့် အတင်းတုတ်၊ အပုတ်ချ ဒါပဲရှိပါတယ်။ ကွန်ပျုတာ စာစီစာရိုက်ဆိုတာ ယခင်က ရန်ကုန်မြို့ထဲမှာ ရိုက် ၊ ယခုတော့ ကွန်ပျူတာ ၀ယ်နိုင်ပြီ ဆိုတော့ အခန်းကျဉ်းလေးမှာ ပဲရိုက်နေပြီး Inter Net ဆိုတာ အပြင်ဆိုင်မှာ သွားထိုင်ကြည့်ပြီး နေတဲ့ အဆင့်ပါ။ ကွန်ပျူတာ နဲ့ ပတ် သက် ပြီး အကျွမ်းတ၀င် နည်းပါတယ်။ ကိုယ် ပိုင် အင်တာနက် Link မရှိတော့ နိုင်ငံတကာရေးရာ ဂဃနဏ မသိ။ လေဖမ်းဒါန်းစီး ရမ်းတုတ် ပြီး ပြည်ပ အသံလွှင့်ဌာန များက လေလှိုင်းက မေးမြန်းရင် ဆရာကြီး လေသံ နှင့် ချီးခြောက်ရေနူးပြီး (၈၈) အကြောင်း ပဲပြောနေတတ်ပါတယ်။ စီပွားရေး ပိတ်ဆို့ မှုဆန့်ကျင်ရေး လှုပ်ရှားမှု ဆိုပြီး အမေရိကန်သံရုံးဟောင်း ရှေ့မှာ သွားရောက်ဆန္ဒပြ တာကိုအကြောင်းပြုပြီး နံမည် ကျော်ကြားလာတဲ့ ကိုအေးလွင် တို့ အဖွဲ့သည် ပြီးခဲ့သော ရက်ပိုင်း က ပြည်ပအသံလွှင့် ဌာနတစ်ခုဖြစ်တဲ့ VOA နဲ့ အင်တာဗျူးမှာ နိုင်ငံတော်အဆင့် အကြီးအကဲများကို ပယ်ပယ်နယ်နယ် အသံကောင်းလွှင့်ပြီး အတင်းတုတ် ဝေဖန်သွားပါတယ်။ အားလုံးသိကြတဲ့အတိုင်း ၀န်ကြီးချုပ် ဦးစီးပြီး ၀န်ကြီး အဖွဲ့ဝင်များသည် လက်ရှိ အစိုးရ၀န်ထမ်းများ ဖြစ်သည့် အတွက် ရွေးကောက်ပွဲဝင်တာ တရားမ၀င်ပါဘူး၊ ဆိုပြီး ဝေဖန်သွားတာ ----သည် အထက်ကရေူးခဲ့ပြီး တဲ့ အဖွဲ့ရံပုံငွေ ရရှိရေး အတွက် အားပေးကူညီခဲ့တဲ့ လူကြီးမျက်နှာ ကို ပြောင်ပြောင်တင်းတင်း အိုးမဲ သုတ်လိုက်တာ ဖြစ်ပါတယ်။ ဒါ စကားရိုင်းရိုင်း မပြောချင်လို့ပါ --- မြန်မာစကားပုံ တစ်ခုကို အားလုံး သိပါတယ်။ ရေးရရင်တော့ -----မကောင်းပါ။ သူတို့ နိုင်ငံရေး ၀မ်းစာ မပြည့်ပါဘူးလို့ပဲ လစ်လျှူရှုရမလို ဖြစ်နေပါတယ်။ Political Post နဲ့ Government Post ကို ကွဲကွဲပြားပြား ဂဃနဏ မသိလို့ပါ။ သိချင်ရင်တော့ --- ဒီမိုကရေစီပါတီ(မြန်မာ) ဥက္ကဌ ဦးသုဝေ ဆီ သွားရောက်သင်ကြားသင့်ပါတယ်။ ဒီလို ပြည်ပ အသံလွှင့် ဌာန နဲ့ ပူးပေါင်းပြီး အစိုးရ မကောင်းကြောင်း ပြောခြင်း လုပ်ရပ်သည့် မဲဆန္ဒနယ် များမှ မဲများများရနိုင်မလားဆိုပြီး လုပ်ရပ်သာ ဖြစ်ပါတယ်။ တကယ်တော့ ဟိုလွတ်ဒီလွတ် မြောက်သစ်ကိုင်းလွတ် ဖြစ်သွားမှာ ကို အေးလွင် တို့ အုပ်စု ထည့်မစဉ်းစားနိုင်ခြင်းသည် အထက်တွင် ဆိုခဲ့သည် အတိုင်း နိုင်ငံရေး ၀မ်းစာ မပြည်ဝသူများလို့သာ ယဉ်ယဉ်ကျေးကျေး အလွတ်သဘော ဝေဖန်လိုက်ပါတယ်။-
ဒေါင်းယောင်ဆောင်ကျီးမိုက်များက ချောင်ကလောင်ထဲ့က ထထအော် ပြည်ပကလှော်သမျှ အဟုတ်ထင် အမိရင်ခွင် ခြေစုံကန်ချင်တဲ့လုပ်ရပ် တစ်ချိန်မှာတော့---- ငုတ်တုတ်ရပ်ခဲ့မှာပဲ။
Comments (2)
လူယုတ်မာဒေ
2
Monday, 17 May 2010 07:45
ဘိုးတော်
ခင်ဗျားတို့ကလည်း ပက်ပက်စက်စက်မပြောပါနဲ့။ သူတို့လည်း နအဖ တတ်နိုင်သမျှတော့ ထောက်ခံပေးခဲ့တာပါ။ အသုံးမလိုတော့မှ ချောင်ထိုးချင်လို့ အပုပ်ချတာ ဆိုရင်တော့ ဆောရီးပဲဗျာ။
Reply
ကောင်းလိုက်တဲ မှတ်ချက်
1
Saturday, 15 May 2010 03:06
ရန်အောင်
ကြိုက်တယ်ဗျာ ဒီလိုရေးတာ နည်းတောင်နည်းသေးတယ်။
![]()
Reply
Add your comment
|
|||
| Last Updated on Friday, 14 May 2010 08:50 |


