| Monday, 24 May 2010 11:03 | |
|
မင်္ဂလာဈေးတွင် မီးလောင်မှု ဖြစ်ပွား ညနေပိုင်း အချိန်ထိ မီးညွှန့်မကျိုးသေး မင်္ဂလာတောင်ညွှန့်မြို့နယ် မင်္ဂလာဈေး တွင် ယနေ့ နံနက်ပိုင်း (၀၈၀၀)ချိန်ခန့် ကျော်ကျော်မှ မီးစတင်လောင်ကျွမ်းရာ မင်္ဂလာဈေး ၄ လွှာမှ ၅ လွှာထိ ကူးစက်လောင်ကျွမ်းသွားကြောင်း မီးလောင်ကျွမ်းမှုကြောင့် ၄ လွှာတွင် ဆိုင်အချို့ အနည်းငယ် သာ လောင်ကျွမ်းသောလည်း ၅ လွှာတွင် မီးလောင်ကျွမ်းမှုမှာ ညနေပိုင်း ထိ မီးမငြိမ်းသတ်နိုင်ဘဲ ဖြစ်နေပါသည်။
မီးစတင်လောင်ကျွမ်းမှုမှာ ၄ လွှာရှိ အလှကုန် ပစ္စည်းဆိုင် မှ ၀ါယာရှော့ ဖြစ်ပြီး မီးစတင်လောင် ကျွမ်းခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ ရန်ကုန်မြို့ အတွင်းမှ မီးသတ်ယာဉ် မြောက်မြားစွာရောက်ရှိကာ မီးငြိမ်း သတ်သော်လည်း အထပ်မြင့် အဆောက်အဦး များအတွက် မီးငြိမ်းသတ်ရန် စက်လှေခါးပါ မီးသတ်ယာဉ်မှာ နည်းပါ ပါသည်။ ၄င်းအပြင် မင်္ဂလာဈေး အတွင်းရှိ ဆိုင်ခန်းများသည် အလှကုန် ပစ္စည်းများ၊ အ၀တ်အထည်များ၊ ဆေးပစ္စည်းများ၊ စာရေးကိရိယာဆိုင်များ ကြောင့် မီးသည် အလွှာအတွင်း တစ်စိမ့်စိမ့်လောင်ကျွမ်းနေခြင်း ဖြစ်ပါသည်။ နေခင်းပိုင်း ၁၄၀၀ ချိန်တွင် မိုးရွာသွန်းမှုကြောင့် မီးအတန့်အသင့် ငြိမ်းသွားသောလည်း အတွင်းလှိုက် လောင်ကျွမ်းမှုများကြောင့် တစ်ငွေ့ငွေ့ ဆက်လက်လောင်ကျွမ်းလျှက်ရှိနေသည်မှာ ၁၇၃၀ ချိန်ထိ တိုင်အောင်ပင် ဖြစ်ပေသည်။ Add your comment
|
|
| Last Updated on Monday, 24 May 2010 11:17 |






