မိုးသီးဇွန် ကမကထပြု၍ နယ်စပ်မှ  ဖေါက်ခွဲဖျက်ဆီးရေးသမားများ ၀င်ရောက်နေသည် ဆိုခြင်း

၁၈ - ၅ - ၀၉

ဒေါ်စုကြည်သည် နေအိမ်တွင် အမေရိကန် နိုင်ငံသား တစ်ဦးအား လက်ခံထားမှုဖြင့် သက်ဆိုင်ရာ အာဏာပိုင်များမှ အထူးတရားရုံးဖြင့် စစ်ဆေးအရေးယူနေစဉ် ပြည်တွင်း/ ပြည်ပ မှ အတိုက်အခံ နိုင်ငံရေး အင်အား စုများ လက်နက်ကိုင်သောင်းကျန်းသူများမှ ဒေါ်စုကြည် သည် လူသားခြင်း စာနာသော အားဖြင့် သူမ နေအိမ်တွင် ညအိပ် စေခြင်းဖြစ်ကြောင်း၊ ပုဒ်မ ၂၂ နှင့် အကြုံ မ၀င်ကြောင်း ပြောဆိုနေပါသည်။

 

 

ဒေါ်စုကြည်သည် အမေရိကန် နိုင်ငံသား အစား မြန်မာနိုင်ငံသား တစ်ဦးဦးအား နေအိမ် တွင် ယခုကဲ့သို့ ၀င်ရောက်လာပါက လုံခြုံရေး အာဏာပိုင်များ ၏ပေါ့လျောာ့မှုကြောင့် ဟု ဆိုပြီး နိုင်ငံတော် အစိုးရ အား အပြစ်တင်မှာ မလွဲပေ။

 

ယခုအမေရိကန် နိုင်ငံသား တစ်ဦး ၀င်ရောက် သော အခါ အစားကျွေး အနားပေး အားပေး ပြီး သောအခါ ရေကူးပြန် အထွက် သက်ဆိုင်ရာ မှဖမ်းဆီးရမိပြီ ယခုလို အရေးယူဆောင်ရွက်ကို အထက်ဖေါ်ပြပါ ပြည်တွင်း/ ပြည်ပ မှ အတိုက်အခံ နိုင်ငံရေး အင်အားစုများနှင့် လက်နက်ကိုင် သောင်းကျန်းသူများက ဒေါ်စုကြည် သည်လူ့အခွင့် အရေး အရ နိုင်ငံခြားသား အား လက်ခံထားပါသည်။ အပြစ်မရှိ အပြစ်ရှာ ပြီး နိုင်ငံတော် အစိုးရ မှ တရားစွဲဆို နေခြင်း ဖြစ်ပါသည် ဆိုပြီး “လူညီရင် ဤ ကို ကျွဲ ဖတ် “ ဆိုသကဲ့သို့ ပြောဆိုနေကြပါသည်။ ထိုကဲ့သို့ ပြောဆို၍ အားမရ ဒေါ်စုကြည် ကို အကြောင်းပြုပြီး ပြည်တွင်း ဖေါက်ခွဲဖျက်ဆီးရေး လုပ်ငန်းများကို တိုးမြှင့် လုပ်ဆောင်ရန် ABSDF, VBSW ,KNU  သောင်းကျန်းသူ ဖေါက်ခွဲဖျက်ဆီးရေး သမား (၅၀) ဦးခန့် ကို အမေရိကန် နိုင်ငံရောက် ပြည်ပြေး မိုးသီးဇွန် မှ ကမကထ ပြုလုပ်ကာ ရန် ကုန်မြို့ အတွင်း ဓါတ်ဆီပုလင်းများ အသုံးပြုပြီး ဖေါက်ခွဲဖျက်ဆီးရေး လုပ်ငန်းများဆောင်ရွက်ရန်  ပြီးခဲ့သော (၃) ရက်ခန့် က မြ၀တီ -မဲဆောက်လမ်း မှ လမ်းကြောင်းများ ခွဲပြီး စေလွှတ်လိုက်ကြောင်း မြ၀တီ -မဲဆောက် ကားလမ်းတွင် ကုန်ရောင်းကုန်ဝယ်ပြုနေသူ များထံ မှကြားသိရပါသည်။

 

သွားသတိ၊ လာသတိ ဖြင့် နေထိုင်ရန်လိုအပ်ပြီ၊ ဖေါက်ခွဲဖျက်ဆီးရေး သမားများ သည် ၄င်းတို့အကျိုးအတွက်သာကြည့်ပြီး ပြည်သူလူထု ဘယ်သူသေသေ လုပ်ဆောင်သွားနိုင်၍ အထူးဂရုစိုက်သွားရန် လိုအပ်ကြောင်း ရေးသားလိုက်ရပါသည်။                                         

 
people

ဂျာနယ်နှင့် သတင်းစာများ

 Mirror
 မြန်မာအလင်း
 Snap Shot
 Weekly Eleven Journal
 Myanmar Time
 yangon time

Hit Account

Content View Hits : 1396740

လက်ရှိကြည့်ရှုနေသူ

We have 2 guests online

ကြေညာချက်အမှတ်(၁/၂၀၀၇)

ပါတီခေါင်းဆောင် ဒေါ်စုကြည် အနေဖြင့် အောက်ဖေါ်ပြပါ အချက် များအား လိုက်နာပါက နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် လက်ခံတွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

   (၁)     ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံ ပျက်သုန်းရေး။

   (၂)     မြန်မာနိုင်ငံအား စီးပွားရေး အဆက်အသွယ်ဖြတ်တောက်ရေး အပါအ၀င် အလုံးစုံ ပိတ်ဆို့ရေး အား ဒေါ်စုကြည်မှ စွန့်လွှတ်သွားရေး ကြေညာရန် ဖြစ်ပါသည်။

 

 

ကျေးလက်သတင်း ကျေးလက်စီပွားရေး ကျေးလက်စိုက်ပျိုးရေး ကျေးလက်ကျန်းမာရေး
သိပ္ပံနှင့်နည်းပညာ အားကစား ယဉ်ကျေးမှု သတင်းဆောင်းပါး
ကာတွန်း စာအုပ်စင် ဟာသပုံပြင်