ပြည်ပ အသံလွှင်ဌာနများနှင့် အတိုက်အခံ နိုင်ငံရေးအင်အားစုများသည် မဟုတ်မမှန်လုပ်ကြံ့ထုတ်လွှင့်လျှက်ရှိ

၁၈-၅-၀၉

 

ယနေ့ ဒေါ်စုကြည်အား အင်းစိန်အကျဉ်းထောင်အတွင်း ဆက်လက်စစ်ဆေးနေစဉ် ပြည်ပအသံလွှင့်ဌာနများမှ ဒေါ်စုကြည် ရုံးထုတ်သည့်နေတွင် အင်းစိန်ထောင်ဗူးဝ ရှေ့၌ စုရုံးဆန္ဒပြကြရန် ၊ လူထုလှုပ်ရှားမှုများကို အရှိန်အဟုန် မြှင့် ဆောင်ရွက်သွားရန် ၊ အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့ ဆိုပြီး ပြည်ပ နိုင်ငံကြီးများမှ နေပြီး ပြည်တွင်းရှိ အတိုက်အခံ ဒီမိုကရေစီ ဘက်တော်သား အူတူတူ များအား လေလှိုင်းမှ သွေးထိုးလှုံဆော်မှုများရှိနေပါသည်။

 

နစ်နေမန် ဘလော့ တွင်လည်း အင်းစိန်ထောင်ရှေ့ ဦးဝင်းတင် ခေါင်းဆောင်သော ဆန္ဒပြ NLD လူငယ် အင်အား ၁၀၀ ခန့် ထောင်အတွင်း အာဏာပိုင်များကို တွန်းတွန်း တိုက်တိုက်လုပ်ပြီး  ၀င်ရောက်သွားကြောင်း မင်မဲ့စရိုက်ဆန်ဆန် ဆူပူမှုများကိုစတင်နေပြီ ဖြစ်ကြောင်း၊ သေနတ်သံများကြားရကြောင်းနှင့် အင်းစိန် ထောင်ဗူးဝရှေ့ ဆိုပြီး ဓါတ်ပုံ အတုများဖြင့်  လုပ်ကြံ့ရေးသား ထားပါသည်။

 ခေတ်ပြိုင် သတင်းWeb Site တွင်လည်း အင်းစိန်ထောင်ဗူးဝ ရှေ့တွင် လူအင်အား ၁၀၀၀ခန့် စုစည်းနေပြီး အေးချမ်းစွာ ဆန္ဒပြနေကြောင်း၊ သတင်းမှားများဖြင့် လူုထုကိုလှုံဆော်နေပါသည်။

 

နယ်မြို့များတွင်လည်း ပြည်ပ အသံလွှင့်ဌာနများဖြစ်သည့် BBC,VOA ,RFA များမှ ယနေ့ အင်းစိန်ထောင်ရှေ့ တွင် လှုပ်ရှားမှု များ ဆောင်ရွက်သွားရန် အဝေးရောက် လေလှိုင်းမှ (၈၈)ခုနှစ် ဆန်ဆန် သွေးထိုးမှုများရှိနေပါသည်။ ထို့ကြောင့် နယ်မြို့များမှ ပြည်သူလူထုအချို့သည်လည်း ယနေ့ ရန်ကုန် အင်းစိန် တွင် လူထုမှ ဆန္ဒပြ နေပြီး ထင်ယောင်ထင်မှား ဖြစ်နေကြပါသည်။

 

အဖြစ်မှန်အခြေနေမှန် မှာ ယနေ့ ရုံးထုတ်ရာတွင် ထောင်အတွင်းသို့ ရှေ့နေဦးကြည်ဝင်း၊ ရှေ့နေ ဦးလှမျိုးမြင့် ၊ အမေရိ ကန်သံရုံးတာဝန်ခံ အပါအ၀င် (၃)ဦးသာ ထောင်တွင်းတရားရုံးသို့ ၀င်ရောက်ခွင့် ပြုထားပါသည်။ဦးဥာဏ်ဝင်း ပင် ၀င်ခွင့် မရပါ။  ဦးဝင်းတင်အပါအ၀င် ဗဟို အမျိုးသမီး အဖွဲ့ဝင်အချို့၊ မြို့နယ် ပါတီဝင်အချို့ အပါအ၀င်ခန့်မှန်း အင်အား (၃၀)ဦးလောက်သာ ပေါက်တောဝ မှတ်တိုင် အောင်မေတ္တာ လက်ဖက်ရည်ဆိုင်တွင် စုရုံးထိုင်နေပြီး အတွင်းမှ သတင်းရရှိရေးစောင့်ဆိုင်းနေသည်မှ အပ အခြားထူးခြားမှုမရှိပါ။

 

(၁၄၄၀)ချိန်တွင် အေးချမ်းစွာ အမှုစစ်ဆေး ပြီးစီးနောက် ၄င်းတို့၏ဌာနချုပ်သို့ ထွက်ခွာသွားပါသည်။ ထူးခြားသည် အနေဖြင့် ရွှေပြည်သာ NLD လူငယ် ထွေးသိန်း သည် အဆိုပါ အောင်မေတ္တာ လက်ဖက်ရည်ဆိုင်တွင် နိုင်ငံရေး ဆန့်ကျင်စာ စတေကာများအား ဖြန့်ဝေသည့် အတွက် သက်ဆိုင်ရာ မှ ၄င်း တစ်ဦးတည်းကိုသာ ပြည်သူလူထုအထိတ်တလန့်ဖြစ်စေရန် လှုံဆော်မှုဖြင့်  ယာယီထိန်းသိမ်းခဲ့ပါသည်။

 

ပြည်ပ အသံလွှင့်ဌာနများ ၊ ပြည်ပြေးများနှင့် သတင်းမှားများဖေါ်ပြလေ့ရှိသော ဒီမိုကရေစီ ဘလော့များ သည် ပြည်တွင်းမှ ဒီမိုကရေစီ အူတူတူများကို သွေးထိုးမြှောက်ပင့် ပေးနေပြီး  ရန်ကုန် သတင်းများကို မဟုတ်မမှန် ထုတ် လွှင့်လျှက်ရှိကြောင်း အသိပေးလိုက်ရပါသည်။   
 
people

ဂျာနယ်နှင့် သတင်းစာများ

 Mirror
 မြန်မာအလင်း
 Snap Shot
 Weekly Eleven Journal
 Myanmar Time
 yangon time

Hit Account

Content View Hits : 1396433

လက်ရှိကြည့်ရှုနေသူ

We have 2 guests online

ကြေညာချက်အမှတ်(၁/၂၀၀၇)

ပါတီခေါင်းဆောင် ဒေါ်စုကြည် အနေဖြင့် အောက်ဖေါ်ပြပါ အချက် များအား လိုက်နာပါက နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် လက်ခံတွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

   (၁)     ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံ ပျက်သုန်းရေး။

   (၂)     မြန်မာနိုင်ငံအား စီးပွားရေး အဆက်အသွယ်ဖြတ်တောက်ရေး အပါအ၀င် အလုံးစုံ ပိတ်ဆို့ရေး အား ဒေါ်စုကြည်မှ စွန့်လွှတ်သွားရေး ကြေညာရန် ဖြစ်ပါသည်။

 

 

ကျေးလက်သတင်း ကျေးလက်စီပွားရေး ကျေးလက်စိုက်ပျိုးရေး ကျေးလက်ကျန်းမာရေး
သိပ္ပံနှင့်နည်းပညာ အားကစား ယဉ်ကျေးမှု သတင်းဆောင်းပါး
ကာတွန်း စာအုပ်စင် ဟာသပုံပြင်