Home ပြည်တွင်းသတင်း လူငယ်အဖွဲ့ဝင်များ လှုပ်ရှားရန်ရှိ
|
|


NLD လူငယ်အဖွဲ့ဝင်များလှုပ်ရှားရန်ရှိ ၂၁-၅-၀၉ ဒေါ်စုကြည်အား နေအိမ်တွင် အမေရိကန် နိုင်ငံသားတစ်ဦးကို ညအိပ်လက်ခံထားမှုဖြင့် အင်းစိန် ထောင် အတွင်း အထူးတရားရုံး ၌ တရားစီရင်နေသည်မှာ ယနေ့ တတိယမြောက်နေ့ဖြစ်ပါသည်။အဆိုပါ တရားစီရင်ရေးသို့ နိုင်ငံခြား သံရုံးများမှ မော်တော်ယာဉ် (၃၀)စီးဖြင့် နိုင်ငံခြားသားများ နှင့် ပြည်တွင်းဂျာနယ် သတင်းထောက်များ၊ ပြည်တွင်း အခြေစိုက် နိုင်ငံခြား သတင်းဌာနများမှ သတင်းထောက်များ စုစုပေါင်း အင်အား (၈၀)ဦးခန့် အထူးတရားရုံးစစ်ဆေး ကြားနာခြင်းကို ၀င်ရောက်ကြည့်ရှု့ လေ့လာခွင့်ရရှိခဲ့ပါသည်။
အဆိုပါ အထူးတရားရုံး စစ်ဆေးနေစဉ် ပြင်ပ တွင် လည်း NLD ပါတီဝင်များ ၊၄င်းတို့မှ အခကြေးငွေ ဖြင့် ခေါ်ဆောင်လာ သော လူပုဂ္ဂိုလ်များသည်လည်း ထောင်ဗူးဝ နှင့် အနီးဆုံးနေရာ များတွင် အုပ်စုဖွဲ့ကာ ၀ိုင်းဖွဲ့နေထိုင်လေ့ရှိနေပါသည်။ အဆိုပါ အင်အားစုများကို ထမင်းထုတ်ဝေသော အဖွဲ့လည်းရှိပါသည်။ အဆိုးဆုံးမှာ အဆိုပါ ပြည်ပ အားကိုး ပုဆိန်ရိုးများသည် နိုင်ငံခြား သံတမန် အဖွဲ့ဝင်များ မော်တော်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာ ရာတွင် ၀မ်းသာအားရ လက်ဝှေ့ယမ်းနှုတ်ဆက်ခြင်းများ ပင်ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ဒေါ်စုကြည် ရင်ဆိုင်နေရသော အမှုအား လာမည့် မေ (၂၇) မတိုင်ခင် အပြီးသတ်စစ်ဆေး^စီရင်ချက်ချမည်ဟုလည်း အဆိုပါ အုပ်စုများအတွင်းကောလဟလ ပြောဆိုနေပြီး အခွင့်သာပါက အဆိုပါ ပြည်ပအားကိုး ပုဆိန်ရိုးများမှ ဆူပူဆန္ဒပြခြင်းများကို ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်းလည်း ကြားသိရပါသည်။ NLD ဗဟိုလူငယ်လုပ်ငန်းဖေါ်ဆောင်အဖွဲ့ ၊ နှုတ်ထွက် NLD လူငယ်အဖွဲ့ဝင်များသည် ယခုအခါ ရန်ကုန်တိုင်းအတွင်း ရှိ မြို့နယ်များမှ လူငယ် (၃)ဦးစီ မရပါက အငှား(၃)ဦးစီ အား ပြင်ဆင်ထားရန် ထွန်းဇော်ဇော်မှ စီစဉ်ဆောင်ရွက် နေကြောင်း ကြားသိရပါသည်။ ခင်ထွန်း ဦးစီး အဖွဲ့ဝင်များမှလည်း အဆိုပါကဲ့သို့ ပြင်ဆင်မှုများလည်း ရှိနေပါသည်။ ယခင်နေ့များက ခင်ထွန်းသည် အင်းစိန်ထောင်ဗူးဝ အနီးလာရောက်ခြင်းမရှိသောလည်း ယနေ့ တွင် လာရောက်ခြင်း ကို ကြည့်ခြင်းအား လုံခြုံရေး တပ်ဖွဲ့ဝင်များ မည်မျှရှိနေသည် ဖြစ်စေ၊နိုင်ငံခြား သံတမန်များ ထောင်ဗူးဝ မှ အထွက် တွင် တောင်းဆိုဆန္ဒပြမှုများကို NLD ထုတ်ပယ်ခံ နော်အုံးလှ ဦးစီး အင်အားစုများနှင့် ပူးပေါင်း ဆောင်ရွက် လာနိုင်ကြောင်း ကြားသိရပါသည်။
|
|
သတင်းမှန်ကဏ္ဍ
Archive News
Hit Account
Content View Hits : 1396431
လက်ရှိကြည့်ရှုနေသူ
We have 2 guests online
ကြေညာချက်အမှတ်(၁/၂၀၀၇)

ပါတီခေါင်းဆောင် ဒေါ်စုကြည် အနေဖြင့် အောက်ဖေါ်ပြပါ အချက် များအား လိုက်နာပါက နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် လက်ခံတွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။
(၁) ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံ ပျက်သုန်းရေး။
(၂) မြန်မာနိုင်ငံအား စီးပွားရေး အဆက်အသွယ်ဖြတ်တောက်ရေး အပါအ၀င် အလုံးစုံ ပိတ်ဆို့ရေး အား ဒေါ်စုကြည်မှ စွန့်လွှတ်သွားရေး ကြေညာရန် ဖြစ်ပါသည်။