|

GW လူငယ်အဖွဲ့ဝင်များမှ မိန်းမလျှာ အသွင်ဖြင့် လှုပ်ရှားရန်ပြင်ဆင်နေခြင်း ၂၂ -၅-၀၉ ဒေါ်စုကြည်အား အကျဉ်းထောင် အတွင်း အထူးတရားရုံးဖြင့် စစ်ဆေးနေသည့် အချိန်တွင် GW အဖွဲ့ဝင်များမှ မှုတ်ဆေး campaign အားဆောင်ရွက်ခဲ့ပါသည်။ အဆိုပါလှုပ်ရှားမှုအား ရန်ကင်းမြို့နယ် အတွင်းဆောင်ရွက်ခဲ့ပါသည်။
ဆောင်ရွက်ခဲ့သောလည်း အောင်မြင်ခြင်းမရှိသည့် အတွက် အခြားနည်းလမ်းများ ကိုစဉ်းစားဆောင်ရွက်ရာတွင် ၄င်း တို့မှ မိန်းမလျှာ အသွင် ယူကာ အင်းစိန်ထောင်ဗူးဝ တွင်လှုပ်ရှားမှုများဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း ကြား သိရပါသည်။ အဆိုပါအုပ်စုများ အား ထောင်မကြောက် တန်းမကြောက် သော ဦးဝင်းတင်မှ ဦးဆောင်ကာ အကြံဥာဏ်များ ပေးသွားမည်ဖြစ်ကြောင်း လည်း သိရှိရပါသည်။ အခြေအနေ ကောင်းပါက နော်အုံးလှ ဦးဆောင်သော ထုတ်ပယ်ခံ အဖွဲ့များမှ ပူးပေါင်းဆောင်ရွက်သွားရန် ပြင်ဆင်နေပါသည်။ အမှန်တကယ်လှုပ်ရှားနိုင်သော အင်အားစု အနေဖြင့် စုစုပေါင်း ဆယ်ဂဏန်းမျှ ရှိသောလည်း အခကြေးငွေ ပေး၍ စည်းရုံးထားသူများပါ ပူပေါင်းပါက ၁၀၀ ဦးခန့် ပူးပေါင်း ဆောင်ရွက်သွားနိုင်ကြောင်း နော်အုံးလှ နှင့် နီးစပ်သော အသိုင်းအ၀ိုင်းမှ ကြားသိရပါသည်။
|