|

အမေရိကန်သံရုံး တာဝန်ခံ Mr. kolin P. Fursa နှင့် John Willian Yettaw တို့တွေ့ဆုံ John Willian Yettaw စိတ်မမှန် တော့ ၂၆ -၅-၀၉ ပြီးခဲ့သော (၂၃-၅-၀၉)ရက်နေ့ ဒေါ်စုကြည် အား အင်းစိန်ထောင် အတွင်းအထူးတရားရုံးဖြင့်  ပဉ္စမမြောက်နေ့ အဖြစ် စစ်ဆေးပြီးနောက် (၁၅၂၅)ချိန်မှ (၁၅၄၅) ချိန်ထိ အမေရိကန်သံရုံး တာဝန်ရှိသူနှင့် John Willian Yettaw တို့မိနစ် ၂၀ ကြာတွေ့ဆုံ စကားပြောခဲ့ပါသည်။ ၄င်းတို့ ပြောကြားခဲ့သည့် အချက်အလက်များမှာ-
Mr. kolin P. Fursa မေး။ ကျန်းမာရေးကောင်းရဲ့လား၊ John Willian Yettaw ဖြေ။ အိမ်မက်အရ ကျွန်တော်လာခြင်း ဖြစ်ပါတယ်။ဒေါ်စုကြည်ကိုလုပ်ကြံ့တာကို အိမ် မက် မက်ပါတယ်။ဒေါ်စုကြည် သေတာတွေ့တယ်။ အလွန်စိုးရိမ်လို့လာတာပါ။ Mr. kolin P. Fursa မေး။ ဒေါ်စုကြည် အတွက်ဘာမျှ စိတ်ပူစရာ မလိုပါ။ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ။အစာမစားတာ ဘယ်လောက်ကြာပြီလည်း။ John Willian Yettaw ဖြေ။ ၁၅ ရက်လောက်ရှိပါပြီ။ Mr. kolin P. Fursa မေး။ အစာမစားရင်တော့ အားဆေးသောက်ပါ။ အားဆေး အီလက်ထရိုလိုက် ကိုတော့ သောက်ပါ။ John Willian Yettaw ဖြေ။ ကျွန်တော် အိပ်မရတာ ကြာပြီ၊ ပတ်ဝန်းကျင်ကြောင့် နိုးနိုးသွားတယ်။ Mr. kolin P. Fursa မေး။ အဲဒါ အစာမစားလို့ ဖြစ်နိုင်တယ်။ ဒါကြောင့် အစာစားဖို့လိုတယ်။ ခင်ဗျားနေကောင်းဖို့လိုတယ်။ဒါမှ ဆက်လုပ်နိုင်မှာ ၊ ကိုယ့်ကိုကိုယ် မ ထိန်းသိမ်းရင် ဒေါ်စုကြည်ကို ကူညီရာမရောက် ဘဲဖြစ်မယ်။ John Willian Yettaw ဖြေ။ ကျွန်တော်ဒေါ်စုကြည်ကို ကူညီင်္ဖို့ လုပ်နေတယ်။စစ်ကြောရေးလုပ်စဉ် (၄) ရက် ကနည်းနည်းဘဲအိပ်ရတယ်။အိပ်ယာမှလာနိုးပြီး မေးခွန်းတွေ ထပ်ထပ် မေးနေတယ်။ တစ်ချို့ကျတော့ဆက်ဆံရေး မကောင်းဘူး။ရှေ့နေကိုလည်း မေးကြည့်ပါ။ ရဲရော အခြားသူတွေရောတွေ့ရင် သူတိုကို ကျနော်ချစ်ပါတယ်။ ဒေါ်စုကြည်သေတာကို အိမ်မက်ထဲတွေ့ရတော့ သူမအတွက် အလွန်စိတ်ပူ ကြောင်း ကျွန်တော်မိသားစု ကိုပြောပြတယ်။သူတို့က ကျနော်ကိုသွားသင့် ကြောင်း ပြောပါတယ်။ Mr. kolin P. Fursa မေး။ စိတ်ချပါ။ မိသားစုနှင့်ဆက်သွယ်ပေးပါမယ်။ ဖုန်းဆက်ပေးမယ်။ John Willian Yettaw ဖြေ။ ဒေါ်စုကြည်ကို ထောင်ဒဏ် ၃ နှစ် က ၅ နှစ် ချနိုင်တယ်လို့ပြောတယ်။ Mr. kolin P. Fursa မေး။ ခင်ဗျားကို ခင်ဗျား ဂရုစိုက်ပါ။ ဆရာဝန်တွေလည်း ဒီမှာ ရှိတယ်။သူတို့ စကားကို နားထောင်ပါ။ John Willian Yettaw ဖြေ။ ဟုတ်။(မျက်နှာငယ်လေးဖြင့်) အထက်ပါစကားပြောခြင်းကို ကြည့် ခြင်းအား ဖြင့် John Willian Yettaw သည် ၄င်းသဘောနှင့် ၄င်း မြန်မာနိုင်ငံ သို့ လာရောက်သည်မှာ သေချာပါသည်။ ပြည်ပ အသံလွှင့်ဌာနများမှ ထုတ်လွှင့်နေသော အသံလွှင့် ချက်များနှင့် များစွာ ကွဲလွဲနေကြောင်း သိသာပါသည်။ John Willian Yettaw မိသားစုမှ ၄င်းအား ဒေါ်စုကြည်ထံသွားရောက် ရန် တိုက်တွန်း ထားခြင်း၊ ယခင်တစ်ကြိမ် ကလည်း ဒေါ်စုကြည် ခြံဝန်း အနား လာရောက်နိုင်ခြင်း၊ John Willian Yettaw ၏ သမီး ဖြစ်သူ မှ လည်း ဒေါ်စုကြည်နှင့် စာအဆက်အသွယ်ရှိခြင်း၊ စသည့် အကြောင်း ခြင်းရာ များကို ကြည့်ခြင်းအား ဖြင့် ဒေါ်စုကြည်နှင့် John Willian Yettaw မိသားစု မည်မျှ ရင်းနှီးကြောင်း ပေါ်လွင်နေပါသည်။ သို့ဖြစ်၍ ဒေါ်စုကြည်အနေဖြင့် နေအိမ်တွင် ထိန်းသိမ်းခံထားရစဉ် အဆိုပါ အမေရိကန် John Willian Yettaw တရားမ၀င် ၀င်ရောက်လာခြင်းကို သိသိကြီးနှင့် လက်ခံထားခြင်း၊ အစားကျွေးခြင်း၊ အနားပေးခြင်း၊ အားပေး ခြင်းများကြောင့် ဥပဒေနှင့် ညှိစွန်းပြီး တရားဥပဒေအရ အရေးယူခံရမည်မှာ သေချာပါသည်။ အလားတူ ဒေါ်စုကြည် ခြံဝန်းအား ရေကင်းစောင့်သော အာဏာပိုင်များ တွင်လည်း တာဝန်ရှိပါသည်။ ၄င်းတို့ ၏ပေါ့လျော့မှုကြောင့် ဒေါ်စုကြည်သည် လာမည့် မေလ (၂၇) ရက်နေ့ တွင် John Willian Yettaw ကြောင့် ထပ်မံအမှုရင်ဆိုင်နေရပြီ NLD ပါတီကို ဦးဆောင်မှု ပေးနိုင်သည့် အခန်းကဏ္ဍ သည်လည်း မှေးမှိန်သွားပါသည်။ လက်ရှိ NLD ပါတီတွင်လည်း အလဲလဲအကွဲကွဲ ဖြင့် ဒေါ်စုကြည် လွတ်မြောက်ရေးသာ အဓိက ထား တောင်းဆိုပြီ ပါတီတွင်းစည်းရုံးရေး လုပ်ငန်းများ ကျဆင်းလာ ပါက ပါတီသည် ၂၀၁၀ မတိုင်ခင် အစိတ်စိတ် အပိုင်းပိုင်း ပြိုကွဲနိုင်ကြောင်း ရေးသားလိုက်ရပါသည်။
|