Home ပြည်တွင်းသတင်း ပို့စတာကိုင် ဆန္ဒပြရန်စီစဉ်၊
|
|

NLD ဌာနချုပ် တွင် ကျင်းပမည့် အခမ်းအနား၌ ပို့စတာကိုင် ဆန္ဒပြရန်စီစဉ်၊ သက်ဆိုင်ရာမှ ဖမ်းဆီးမည်ဖြစ် ၂၆ - ၅ - ၀၉ ၂၇ -၅- ၀၉ ရက်နေ့ တွင် ကျရောက်သော (၁၉)နှစ် မြောက်ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့ တွင် ဌာနချုပ်သို့ တိုင်းနှင့် ပြည်နယ် အသီးသီး မှ ပါတီဝင်များ လာရောက်မည်ဖြစ်ပါသည်။
လာရောက်နိုင်သော သူများမှာ NLD –CEC အဖွဲ့ဝင်များဖြစ်သော ဦးညွန့်ဝေ၊ ဦးလှဖေ၊ ဦးသန်းထွန်း၊ ဦးဝင်းတင်၊ ဦးစိုးမြင့်၊ ဦးလွန်းတင်၊ ဦးခင်မောင်ဆွေ၊ NLD ပါတီရွေးချယ်ခံ ကိုယ်စားလှယ်များဖြစ်သော ဦးထွန်းထွန်းဟိန်၊ ဦးအုန်းကြိုင်၊ ဦးအောင်ဆန်းမြင့်၊ ဦးဝင်းမြင့်၊ ဦးသန်းဌေး၊ ဦးသိန်းဖေ၊ ဦးဟံသာမြင့်၊ ဦးကျော်မြင့်၊ ဦးမောင်မောင် ကြီး၊ ဦးသိန်းဦး၊ ဦးလှမင်း၊ ဦးသိန်းညွန့်၊ ဦးကြည်ဝင်း၊ စောအောင်း၊ ဦးသိန်းဇံ၊ ဦးဥာဏ်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်၊ NLD ဗဟိုအမျိုးသမီးအဖွဲ့ဝင်များဖြစ်သော ဒေါ်အေးအေးမာ၊ ဒေါ်ခင်ဥ၊ ဒေါ်ခင်ဖြူ၊ ဒေါ်လဲ့လဲ့၊ ဒေါ်တင်မြမြ၊ ဒေါ်ခင် စောမူ၊ NLD ဗဟိုလူငယ်အဖွဲ့ဝင်များဖြစ်သော မျိုးညွန့်၊ မြင့်ဌေး၊ အေးထွန်း၊ သင်းဇော်၊ လှဦး၊ ရန်ကုန်တိုင်း NLD ပါတီစည်းရုံးရေးအဖွဲ့ဝင်များဖြစ်သော ဦးစိုးမြင့်၊ ဒေါက်တာ သန်းငြိမ်း၊ ဒေါက်တာဝင်းနိုင်၊ ဒေါက်တာမျိုးအောင်၊ ဦးလှသိန်း၊ ဦးမြင့်အောင်၊ ဦးကြို့လှိုင်၊ မြို့နယ် NLD ပါတီစည်းရုံးရေး အဖွဲ့ဝင်များဖြစ် သော ကျော်မြင့်၊ ထွန်းရင်၊ ခင်မို့မို့လွင်၊ သန်းထွန်း၊ ခင်မောင်ကြည်၊ အောင်ထူး၊ မဝေ၊ သန်းသန်းဦး၊ မောင်မောင်ဆင့်၊ သန်းသန်းဆွေ၊ တင်ဝင်း၊ ခင်ဝင်းကြည်၊ ခင်နု၊ မောင်မောင်ကြီး၊ အောင်မြင့်၊ မြို့နယ် NLD ပါတီ လူငယ်အဖွဲ့ဝင်များ ဖြစ်သော မျိုးမင်းနိုင်၊ စိုးမြင့်၊ မတင်သိန်း၊ အေးအေးသင်း၊ လေးဝင်း၊ မျိုးမင်းစိုး၊ သူဇာလွင်၊ အေးအေးနှင်း ၊ ရာဇာ၊ သန်းထိုက်အောင်၊ သော်တာ၊ သီဟန်၊ ဖြူဖြူသင်း၊ သန်းထွန်းအပါအ၀င် မြို့နယ်များမှ လူငယ် အဖွဲ့ဝင်များ စုစုပေါင်းအင်အား (၁၀၀)ဦး ခန့်လာရောက်မည် ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ နှစ်ပတ်လည် အခမ်းအနားကျင်းပနေစဉ် နေ့လယ်ပိုင်းလောက်တွင် သာကေတ ဒေါပုံမြို့နယ်မှ လူငယ်တာဝန်ခံ -၃ ဖြစ်သူ ညီညီအောင်မှလည်း နေ့လယ်ပိုင်းတွင် ဒေါ်စုကြည် လွှတ်ပေးရေး ရေးသားထားသော ပို့စတာကိုင် ဆန္ဒ ပြရန် အတွက် ဗဟိုလူငယ်လုပ်ငန်းဖေါ်ဆောင်ရေး အဖွဲ့မှ ငွေ ၁၀၀၀၀ ပေးကာ ခိုင်းစေထားကြောင်း၊ ညီညီအောင် သည် ၄င်းတစ်ဦးတည်း လုပ်ဆောင်ရန် မ၀ံ့ရဲ သဖြင့် ၄င်းနေထိုင်ရာ ဒေါပုံ ဗိုလ်ထွန်းဇံ ရပ်ကွက် မှ လူငယ် ၃ ဦး အား နေ့စားငှားရမ်းထားကြောင်း သိရှိရပါသည်။ ၄င်းတို့ ကိုင်ဆောင်မည့် ဆိုင်းဘုတ်မှ]] မတရားဖမ်းဆီးခံထားရ သော ဒေါ်စုကြည်ကိုလွှတ်ပေး}} ဟု ရေးသားထားကြောင်း သိရှိရပါသည်။ သက်ဆိုင်ရာမှလည်း ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူလူထု အထိတ်တလန့် မဖြစ်စေရေး အတွက် အဆိုပါ ပေါ်ပင် နိုင်ငံရေးသမားများနှင့် ၄င်းတို့အလိုကျ ငွေပေးစေခိုင်းထားသူများကို တာဝန်အရ ဖမ်းဆီးထိန်းသိမ်းရမည်မှာ ဧကန်မလွဲပါ။
|
|
သတင်းမှန်ကဏ္ဍ
Archive News
Hit Account
Content View Hits : 1396670
လက်ရှိကြည့်ရှုနေသူ
We have 6 guests online
ကြေညာချက်အမှတ်(၁/၂၀၀၇)

ပါတီခေါင်းဆောင် ဒေါ်စုကြည် အနေဖြင့် အောက်ဖေါ်ပြပါ အချက် များအား လိုက်နာပါက နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် လက်ခံတွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။
(၁) ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံ ပျက်သုန်းရေး။
(၂) မြန်မာနိုင်ငံအား စီးပွားရေး အဆက်အသွယ်ဖြတ်တောက်ရေး အပါအ၀င် အလုံးစုံ ပိတ်ဆို့ရေး အား ဒေါ်စုကြည်မှ စွန့်လွှတ်သွားရေး ကြေညာရန် ဖြစ်ပါသည်။