ကြီးမိုက်ကြီးမှ လူငယ်များကို ဦးဆောင်ရန်ပြင်ဆင်

၂၇ - ၅ - ၀၉

၂၇ -၅- ၀၉ ရက်နေ့ တွင် ကျရောက်သော (၁၉)နှစ် မြောက်ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့ တွင် NLD ဌာနချုပ်သို့ တိုင်းနှင့် ပြည်နယ် အသီးသီး မှ ပါတီဝင်အချို့လာရောက်ခဲ့ပါ သည်။ အဆိုပါ အခမ်းအနားသို့ လက်ရှိ NLD ဌာနချုပ် တွင်သြဇာညောင်းနေသော ဦးဝင်းတင်မှ ဦးဆောင်ကာ ကျင်းပသွားပါသည်။

 

အခမ်းအနားတွင် သဘာပတိအဖြစ် ဦးစိုးမြင့် (ရန်ကုန်တိုင်း NLD ပါတီဥက္ကဌ)နှင့် အခမ်းအနားမှူး အဖြစ်  ဦးလှသိန်း (တာမွေ) တို့မှ ဆောင်ရွက်သွားပါသည်။ အခမ်းအနားသို့ ပါတီဝင်အင်အား (၈၀)ဦးခန့် တက်ရောက် သွားပါသည်။

ဦးဝင်းတင်၏ ပါတီနိုင်ငံရေး ဆောင်ရွက်ချက်များသည် ကောက်ကျစ်စဉ်းလဲမှုများ ဖြင့် ပြည့်နှက်နေပါသည်။လက်ရှိ အချိန်တွင် NLD ဥက္ကဌ တာဝန်ယူထားသူ ဦးအောင်ရွှေသည် ကျန်းမာရေးမကောင်းသည်ကိုအကြောင်းပြုပြီး ပါတီ မှ နှုတ်ထွက်သွားစေရန် တိုင်းနှင့်ပြည်နယ် အသီးသီးမှ ပါတီဝင်များထံမှ သဘောတူကြောင်း လက်မှတ်ရေးထိုး မှုများကို စုဆောင်းနေပါသည်။ဦးဝင်းတင် လိုချင်သော လက်မှတ်ပမာဏ ရရှိပါက NLD-CEC  အစည်းအဝေးတွင်  တရားဝင် တင်ပြပြီး ဦးအောင်ရွှေ နှင့် ဦးလွင်အား NLD  ပါတီမှ ကန်ချရန် ပြင်ဆင်နေပါသည်။

၎င်းအပြင် လူငယ်အင်အားစုများကို စုစည်းပြီး ဗကပ အတွေးအခေါ်အယူအဆများကို ရိုက်သွင်းကာ ယခင်က မင်းကိုနိုင် တို့ လုပ်ခဲ့သည့် လမ်းစဉ်များအတိုင်း Non- Violence   ကို အကောင်အထည်ရန် နှင့် ဒေါ်စုကြည် ချမှတ်ထားသော အမိန့်ဟူသမျှ တာဝန်အရ ဖီဆန်ကြ လမ်းစဉ်ကို နောက်ကွယ်မှကြိုးကိုင်ကာ ပြည်သူလူထု တည် ငြိမ်အေးချမ်းမှုကို မလိုလားသော လုပ်ရပ်များကို ဆောင်ရွက်ရန် ပြင်ဆင်နေပါသည်။

အသက်အပိုင်းအခြားအရ ကြည့်ပါက ဦးဝင်းတင် (၈၇)နှစ်ရှိပြီး၊ ကြီးမိုက်လုပ်နေသည်မှာ ၄င်းတွင် သံယောဇဉ် မရှိ တစ်ကိုယ်တည်း ဘ၀ဖြင့် ၄င်း ၀ါသနာထုံမွှန်းသော ဗကပ အတွေးအခေါ်အယူအဆများကို လူငယ်များကို ရိုက်သွင်းနေပါသည်။ ဦးဝင်းတင် တို့ နုစဉ်က ဗကပ သည် လူငယ်လူရွယ်များအတွက် Hero  ဖြစ်သောလည်း ၊ အသက်အရွယ်ကြီးရင့်သည့် အထိ အဆိုပါ ဗကပ အသွေးအရောင်များကို လက်ခံထားပါက ငတုံး ပင်ဖြစ်ပေသည်။ ခေတ်မရှိ သော ဗကပ လမ်းစဉ်ကို Globalization ခေတ်နှင့် အံ့ဝင်ဂွင်ကျအောင် လုပ်၍ မရပေ။သို့သော် ဦးဝင်းတင် ဆက်လက်လုပ်ကိုင်နေသည်မှာ ထောင်မကြောက် တန်းမကြောက် သောကြောင့် ဖြစ်ပေသည်။

ယနေ့ အချိန်တွင် ဦးဝင်းတင်သည်  အင်္ဂလိပ် အခက် ဗမာ အချက်  စကားပုံအတိုင်း ဦးအောင်ရွှေ ကျန်းမာရေး မကောင်း သည့်ကို အကြောင်းပြုပြီး NLD  ပါတီတွင်းနေရာလုလာခြင်း၊ လူငယ်များကို လမ်းမှား ညွှန်ပြပေးခြင်း၊ မင်းကိုနိုင်၊ ကိုကိုကြီးတို့ အား သက်ဆိုင်ရာမှ ထိန်းသိမ်းထားစဉ်ကာလ အတွင်း မင်းကိုနိုင် တို့  လှုပ်ရှားခဲ့သည့် ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြခြင်း၊ အကျဉ်းကျခံ နေအိမ်များသို့ သွားရောက်ခြင်းများ ဆောင်ရွက်လာပါသည်။

ဦးဝင်းတင်၏ နည်းနာနိဿယများကို နားမလည်သေးသော NLD ပါတီလူငယ်များအနေဖြင့် ကျောင်းသားခေါင်းဆောင် ဆန်ဆန် အသစ် တစ်ယောက် တိုးလာသော်လည်း ဗကပ သက်ကြားအို ဖြစ်သည့် အတွက် ကောင်းသောလမ်း ကို  လျှောက်လှမ်း ရမည့် မဟုတ်ဘဲ အောင်မြင်မှုမရှိသော နံမည်ဆိုးဖြင့် ကျော်ကြားမည် အင်းစိန်သို့ သွားရာ လမ်း သာ ဖြစ်နိုင်ကြောင်း ရေးသားလိုက်ရပါသည်။

 
people

ဂျာနယ်နှင့် သတင်းစာများ

 Mirror
 မြန်မာအလင်း
 Snap Shot
 Weekly Eleven Journal
 Myanmar Time
 yangon time

Hit Account

Content View Hits : 1396434

လက်ရှိကြည့်ရှုနေသူ

We have 2 guests online

ကြေညာချက်အမှတ်(၁/၂၀၀၇)

ပါတီခေါင်းဆောင် ဒေါ်စုကြည် အနေဖြင့် အောက်ဖေါ်ပြပါ အချက် များအား လိုက်နာပါက နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် လက်ခံတွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

   (၁)     ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံ ပျက်သုန်းရေး။

   (၂)     မြန်မာနိုင်ငံအား စီးပွားရေး အဆက်အသွယ်ဖြတ်တောက်ရေး အပါအ၀င် အလုံးစုံ ပိတ်ဆို့ရေး အား ဒေါ်စုကြည်မှ စွန့်လွှတ်သွားရေး ကြေညာရန် ဖြစ်ပါသည်။

 

 

ကျေးလက်သတင်း ကျေးလက်စီပွားရေး ကျေးလက်စိုက်ပျိုးရေး ကျေးလက်ကျန်းမာရေး
သိပ္ပံနှင့်နည်းပညာ အားကစား ယဉ်ကျေးမှု သတင်းဆောင်းပါး
ကာတွန်း စာအုပ်စင် ဟာသပုံပြင်