မော်လမြိုင်မြို့နယ် အတွင်းပေါက်ကွဲမှုများဖြစ်

၂၇ - ၅ - ဝ

၂၇ -၅- ၀၉ ရက်နေ့ နံနက်ပိုင်း ၀၉၂၅ ချိန်တွင် မော်လမြိုင် ရွှေတောင်ရပ်ကွက် ကမ်းနားလမ်းပေါ်ရှိ မြန်မာ့စီးပွားရေး ဘဏ်နှင့် မျက်နှာချင်းဆိုင် (Myan mar Distribution Group)ကုမ္ပဏီ ရှေ့ လူသွားစင်္ကြန် ပလက်ဖေါင်း အောက်ဖက် တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသည်။ အသံမိုင်း ဖြစ်ပြီ လူထိခိုက်မှုမရှိ၊ အခြားပစ္စည်း ပျက်ဆီးဆုံးရှုံးမှု မရှိကြောင်း ကြားသိရပါသည်။

 

 

အလားတူ နံနက်ပိုင်း ၀၉၅၅ ချိန်တွင် မော်လမြိုင်မြို့ ဗဟိုလမ်းမကြီးပေါ်သစ်တောရုံးနှင့် ဆည်မြောင်းရုံး လမ်းမကြီး ပေါ်ရှိ လမ်းလယ်ကျွန်းပေါ်တွင် စိုက်ပျိုးထားသော Flower Box အတွင်းမှလည်း အသံမိုင်း တစ်လုံးပေါက်ကွဲခဲ့ပါ သည်။

 

ယခင်ရက်ပိုင်း ၂၅-၅-၀၉ ရက်နေ့ကလည်း ပျဉ်းမနား နေပြည်တော်ဘူတာတွင် ရပ်တန့်ထားသော လူစီးခရီးသည် ရထားခေါင် မိုးပေါ်မှ ချိန်ကိုက်မိုင်း တစ်လုံးကို ရထားခေါင်းမိုးပေါ်မှ သက်ဆိုင်ရာမှ ရှာဖွေသိမ်းဆည်းခဲ့ရပါသည်။အကယ်၍များ အဆိုပါ ချိန်ကိုက်မိုင်းဗုံးအား သက်ဆိုင်ရာ မှ မတွေ့ရှိခဲ့ပါက ရထားပေါ်တွင် လိုက်ပါမည့် ခရီးသွား လုပ်သား ပြည်သူ များ၏ အသက်အန္တရာယ်မှ မတွေးဝံ့စရာ ပင် ဖြစ်ပေသည်။

 

အဆိုပါဗုံးများကို  FDB အဖွဲ့မှဒေါက်တာနိုင်အောင် ဆိုသူမှ ၄င်းတို့ လက်ချက်မဟုတ်ကြောင်း ငြင်းဆိုထားပါသည်။နယ်စပ်ဒေသရှိ  လက်နက်ကိုင် အဖွဲ့အစည်း အားလုံးမှ ၄င်းတို့ လက်ချက်မဟုတ်ကြောင်းကို ငြင်းဆိုရန် ပြင်ဆင်နေကြ ကြောင်း ကို မဲဆောက်အခြေစိုက် ကုန်သည်အသိုင်းအ၀ိုင်းအတွင်းပြောဆိုနေသည်မှာ ဖေါက်ခွဲဖျက်ဆီးရေး သမားများ အနေဖြင့် လက်ပူးလက်ကြပ် အရှင်မမိ သေးသ၍ငြင်းမြဲငြင်းနေမှာ ဖြစ်ကြောင်း ပြောဆိုမှုအား ကြားသိရပါသည်။

 
people

ဂျာနယ်နှင့် သတင်းစာများ

 Mirror
 မြန်မာအလင်း
 Snap Shot
 Weekly Eleven Journal
 Myanmar Time
 yangon time

Hit Account

Content View Hits : 1396679

လက်ရှိကြည့်ရှုနေသူ

We have 6 guests online

ကြေညာချက်အမှတ်(၁/၂၀၀၇)

ပါတီခေါင်းဆောင် ဒေါ်စုကြည် အနေဖြင့် အောက်ဖေါ်ပြပါ အချက် များအား လိုက်နာပါက နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် လက်ခံတွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

   (၁)     ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံ ပျက်သုန်းရေး။

   (၂)     မြန်မာနိုင်ငံအား စီးပွားရေး အဆက်အသွယ်ဖြတ်တောက်ရေး အပါအ၀င် အလုံးစုံ ပိတ်ဆို့ရေး အား ဒေါ်စုကြည်မှ စွန့်လွှတ်သွားရေး ကြေညာရန် ဖြစ်ပါသည်။

 

 

ကျေးလက်သတင်း ကျေးလက်စီပွားရေး ကျေးလက်စိုက်ပျိုးရေး ကျေးလက်ကျန်းမာရေး
သိပ္ပံနှင့်နည်းပညာ အားကစား ယဉ်ကျေးမှု သတင်းဆောင်းပါး
ကာတွန်း စာအုပ်စင် ဟာသပုံပြင်