John Williaw Yettaw နှင့် နယ်စပ်အဖွဲ့အစည်းများ ဆက်သွယ်မှု ရှိ

၂၉ - ၅ - ၀၉

ဒေါ်စုကြည်နေအိမ်ခြံဝန်းအတွင်း ၀င်ရောက်ခဲ့သူ John Williaw Yettaw  အား တရားရုံးတွင် ဆက်လက်စစ်ဆေး နေပါသည်။ အဆိုပါ အမှုစစ်ဆေးရာ တွင် John Williaw Yettaw အနေဖြင့် ဘုရားသခင် စေလွှတ်သည့် အတွက်လာရောက်ခြင်း ဖြစ်ကြောင်း ၊ ဒေါ်စုကြည် သေဆုံးသည်ဟု အိမ်မက်မြင်မင်ပြီး ၄င်း၏မိသားစု များအား ပြောပြရာ မိသားစုမှ အား သွားရောက်သင့်ကြောင်း အကြံပေးသည့် အတွက်လာရောက်ခြင်း ဖြစ်ကြောင်း ပြောဆို နေပါသည်။

 

၎င်းအပြင် သမီးဖြစ်သူနှင့် ဒေါ်စုကြည် သည် စာအဆက်အသွယ်ရှိပြီး သူမ၏စာများကိုလည်း သက်ဆိုင်ရာ မှ ဒေါ်စုကြည်နေအိမ်တွင် ရရှိသိမ်းဆည်းခဲ့ပါသည်။ John Williaw Yettaw တွင် အိမ်ထောင် ၂ ဆက်ရှိပြီး သားသမီး ၇ ဦးရှိကြောင်း၊ စိတ်ပညာရှင် တစ်ဦး ဖြစ်ကြောင်း သိရှိရပါသည်။ ငွေကြေးအားဖြင့် ၄င်းနေထိုင်သည့် မြို့တွင် အားနည်းသူ တစ်ဦးဖြစ်ပါသည်။

 

John Williaw Yettawသည် ၂၀၀၈ ခုနှစ် အောက်တိုဘာလ နှင့်နိုဝင်ဘာလ ကာလများအတွင်း ဒေါ်စုကြည် နေအိမ်သို့ တစ်ခေါက် လာရောက်ခဲ့ဘူးပါသည်။ အဆိုပါအခေါက်တွင် သည် ထိုင်းနိုင်ငံ မယ်ဆောက်မြို့ AAPP အဖွဲ့မှ ဘိုကြည်နှင့် တွေ့ဆုံ ခဲ့ဘူးကြောင်း မဇ္စျိမသတင်းဌာနတွင် သတင်းအဖြစ်ရေးသားထားပါသည်။အဆိုပါ သတင်းများအရ ဘိုကြည် နှင့် John Williaw Yettaw တို့ ဘာတွေဆွေးနွေးပြီ၊ ဘာတွေ သဘော တူညီချက်များလုပ်ခဲ့သည်ကို ကာယကံရှင် များ သာသိနိုင်ပါသည်။၎င်းအပြင် ပြည်ပြေး တစ်ဦး ဖြစ်သူ ဦးညိုအုန်းမြင့် မှလည်း မဲဆောက်မြို့တွင် John Williaw Yettaw သည် ဆိုင်ကယ်တစ်စီးဖြင့် သွားလာခြင်းကို ပြီးခဲ့သော လပိုင်းက တွေ့ခဲ့သည်ဟု DVB သတင်းဌာနတွင်ပြီးခဲ့သော ရက်ပိုင်းက  ဖေါ်ပြခဲ့ဘူးပါသည်။

 

 ပြည်ပြေးများ အပြောအရ ဆိုလျှက် John Williaw Yettaw သည် ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ဆန့်ကျင်ဖက်နိုင်ငံရေး အုပ်စုများဖြင့် အဆက်အသွယ်ရှိပြီ ၊ဒေါ်စုကြည်အိမ်သို့ John Williaw Yettaw မှသွားရောက် မည် ဆိုသည့် သတင်းကိုလည်း ၄င်းတို့ ပြည်ပြေးဆန့်ကျင်ဖက်နိုင်ငံရေး အင်အားစုများ အသိပင် ဖြစ်ပါသည်။ဤသို့ဆိုလျှင် မည်သည့်ရည်ရွယ်ချက်ဖြင့် John Williaw Yettaw သည် ဒေါ်စုကြည်နေအိမ်သို့ သွား ရောက်ရခြင်းမှာပေါ်လွင်နေပါသည်။

 

အခြားမှတ်တမ်းများအရ ဖေါ်ပြပုံတွင် (၃-၄-၀၉) ရက်နေ့ မဲဆောက်မြို့ FDB အစည်းအဝေးတစ်ခုတွင် ကျန်းမာရေး ဆိုင်ရာ ဟောပြောပွဲတစ်ခုတွင် DVB သတင်းထောက်များနှင့်အတူ John Williaw Yettaw သည် စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးဟောပြောချက်များကို ဆွေးနွေးသွားကြောင်း ဓါတ်ပုံမှတ်တမ်းများအရ သိရှိရပါသည်။ထို့ကြောင့် John Williaw Yettaw  သည်  စီမံချက်ရှိရှိ ၊ အဓိပ္ပါယ်ရှိရှိဖြင့် နယ်စပ်ဒေသမှ ဆန့်ကျင်ဖက် နိုင်ငံရေး အင်အားစုများနှင့် တွေ့ဆုံပြီး ဒေါ်စုကြည်နေအိမ်ခြံဝန်းအတွင်း ၀င်ရောက်ခဲ့သည်မှာ ပေါ်လွင်ပါသည်။၎င်းအပြင် ဆန့်ကျင်ဖက်နိုင်ငံရေး အင်အားစုများ မှဒေါ်စုကြည်ပေးပို့လိုသော Messages များကိုပေးပို့ထားပြီ ဖြစ်ပါသည်။ ဒေါ်စုကြည်မှလည်း ပြည်ပ အခြေစိုက် နိုင်ငံရေး အဖွဲ့အစည်းများနှင့် အနောက်နိုင်ငံကြီးများသို့ ပေးပို့လိုသော Messages  များကိုလည်း John Williaw Yettaw မှ ရရှိထားပြီဖြစ်ပါသည်။

 

ရန်ကုန်ပြင်ပတွင်ပြောဆိုနေသော ကောလဟလများ၊ NLD ပါတီပြောခွင့်ရပုဂ္ဂိုလ်ကြီး ဖြစ်သည့်  ရှေ့နေဦးဥာဏ်ဝင်း မှ နေ့စဉ် NLD ဌာနချုပ်မှနေအိမ်သို့  ပြန်လာပြီးအချိန် ပုဇွန်တောင်မြို့နယ် မောင်အေးကဖီးရှေ့ ကွမ်းယာဆိုင်တွင် အုပ်စုဖွဲ့ပြောဆိုနေသည့် John Williaw Yettaw သည် ပြည်တွင်းရှိ လုပ်ငန်းရှင် အကြီးစားတစ်ဦးမှ ငွေပေးခိုင်းစေ ခြင်း ဆိုသည် စွပ်စွဲချက်များ သည် လုံးဝ မှန်ကန်ခြင်းမရှိသည်မှာ ပေါ်လွင်နေပါသည်။

 

John Williaw Yettaw နှင့် ဒေါ်စုကြည် ၄င်းတို့ ၂ ဦး အပေးအယူလုပ်ပြောဆိုမှုများသည် ၊ ဦးဥာဏ်ဝင်းလည်း သိနိုင်ပါသည်။ အဆိုပါ အချက်အားဖုံကွယ်သည့် အနေဖြင့် ကောလဟလ များကို ပြောဆိုနေခြင်း ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

 

 
people

ဂျာနယ်နှင့် သတင်းစာများ

 Mirror
 မြန်မာအလင်း
 Snap Shot
 Weekly Eleven Journal
 Myanmar Time
 yangon time

Hit Account

Content View Hits : 1396678

လက်ရှိကြည့်ရှုနေသူ

We have 6 guests online

ကြေညာချက်အမှတ်(၁/၂၀၀၇)

ပါတီခေါင်းဆောင် ဒေါ်စုကြည် အနေဖြင့် အောက်ဖေါ်ပြပါ အချက် များအား လိုက်နာပါက နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် လက်ခံတွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

   (၁)     ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံ ပျက်သုန်းရေး။

   (၂)     မြန်မာနိုင်ငံအား စီးပွားရေး အဆက်အသွယ်ဖြတ်တောက်ရေး အပါအ၀င် အလုံးစုံ ပိတ်ဆို့ရေး အား ဒေါ်စုကြည်မှ စွန့်လွှတ်သွားရေး ကြေညာရန် ဖြစ်ပါသည်။

 

 

ကျေးလက်သတင်း ကျေးလက်စီပွားရေး ကျေးလက်စိုက်ပျိုးရေး ကျေးလက်ကျန်းမာရေး
သိပ္ပံနှင့်နည်းပညာ အားကစား ယဉ်ကျေးမှု သတင်းဆောင်းပါး
ကာတွန်း စာအုပ်စင် ဟာသပုံပြင်