|

အင်းစိန်ထောင်ရှေ့ ပို့စတာကိုင်ဆောင်ခဲ့သော ဗကဟောင်းဇော်ညွှန် ၂၉ - ၅ - ၀၉ ၂၈ -၅- ၀၉ ရက်နေ့ တွင် ဒေါ်စုကြည် အား အင်းစိန်အကျဉ်းထောင် အတွင်းအထူးတရားရုံးဖြင့် စစ်ဆေးနေစဉ် ကာလ အတွင်း အင်းစိန်ထောင်ဗူးဝရှေ့တွင် ပို့စတာကိုင် ဆန္ဒပြခြင်းကို (၃) မိနစ်ခန့် ဆောင်ရွက်သွားပါသည်။ အဆိုပါ ပို့စတာအား လေတပ် ဗိုလ်ကြီးဟောင်းတစ်ဦး ဖြစ်သူ ဦးဇော်ညွှန့် ဆိုသူမှ လုပ်ဆောင်သွားခြင်း ဖြစ်ပါသည်။ အဆိုပါဗိုလ်ကြီးဟောင်း ဇော်ညွှန့်သည် MDC အဖွဲ့ထင်ကျော် မှ ကုန်ဈေးနှုန်းကျဆင်ရေး အကြောင်းပြုပြီး သိမ်ကြီးဈေး ၀န်ကျင်တွင် ဆန္ဒပြမှု ပေါ်ပေါက်ပြီးနောက်ပိုင်း အသစ်တိုးလာသော သူတစ်ဦး ဖြစ်ပါသည်။
လေတပ်တွင် တာဝန်ထမ်းဆောင်စဉ် အရူး ဘုတ်ဖြင့် စစ်တပ်မှ ထုတ်ပယ်ခံရသူ တစ်ဦးဖြစ်ပြီး၊ ကြုံရာကျပန်းလုပ် စားနေရာမှ MDC အဖွဲ့ခေါင်းဆောင် ဒေါ်စန်းစန်းမြင့် နှင့် ချိတ်ဆက်မိသွားကာ ပညာအရည်အချင်း ၄ တန်းသာ ရှိသော ကွမ်းယာရောင်းစားသူ ထင်ကျော် နောက်မီဆွဲ ဖြစ်သွားပါသည်။ ထင်ကျော်သည် အိမ်ထောင် ၃ ဆက်ရှိ ကာ လက်ရဲဇက်ရဲ ရှိသူတစ်ဦးဖြစ်ပြီ ထင်ပေါ်ကျော်ကြားလိုချင်သူတစ်ဦး ဖြစ်သည့် အတွက် ဒေါ်စန်းစန်းမြင့် မှ ၄င်းတို့အဖွဲ့ကို ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ ဖွဲ့စည်းရာတွင် ရှေ့တန်းကျကျလုပ်ဆောင်နိုင်သူ အဖြစ် တာဝန်ပေးခဲ့ပါ သည်။ဒေါ်စန်းစန်းမြင့် တာဝန်ပေးသူ ထင်ကျော်သည်လည်း အာဏာပိုင်များမှ ထိန်းသိမ်းလိုက်သော အခါ အမျိုးသားထဲမှ ရွေးချယ်တာဝန်ပေးစရာ ဆို၍ အဆိုပါ ဗိုလ်ကြီးဟောင်းဇော်ညွှန့် တစ်ဦးတည်းသာရှိပါတော့သည်။ ဦးဇော်ညွှန့်သည်လည်း ဥက္ကဌ ဒေါ်စန်းစန်းမြင့် ခိုင်းစေချက်များအတိုင်း ယခုကဲ့သို့ ထင်ပေါ်မှုရရှိစေရန် နှင့် ၂ လ စာ အလုပ်မလုပ်ဘဲထိုင်စားရန် အတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မြောက်ဥက္ကလာပမြို့နယ် နေ MDC အဖွဲ့ဝင် တစ်ဦးထံမှ သိရှိရပါသည်။
|