|
တမူးမြို့ တွင် မီးလောင်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွား။ ၉-၆-၀၉ (၇-၆-၀၉)ရက်နေ့ (၀၆၁၀)ချိန်တွင် တမူးမြို့၊ ဈေးတန်း(၇)ရပ်ကွက်၊ အိမ်အမှတ်(၃၇၆)နေ ဦးဝင်းမြင့်၊ ဒေါ်မြလေးနေအိမ်မှ စတင်ပြီး မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ရာ အဆိုပါမီးလောင်မှုကြောင့် နေအိမ်(၅)လုံးမီးလောင်ကျွမ်း ခဲ့ပြီး အိမ်ထောင်စု (၅)စု၊ လူဦးရေ(၂၉)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါသည်။ မီး စတင်လောင်ကျွမ်းရခြင်းမှာ ဦးဝင်းမြင့်နေအိမ်တွင် ငှားရမ်းနေထိုင်သူ ကသဲ လူမျိုး တိုနီ(United people Party of King Lei Pakု)အဖွဲ့ခွဲသည် မီးစက်နှိုးရန် ဖယောင်းတိုင်ထွန်းညှိရာမှတဆင့် ဓါတ်ဆီပုံးထဲသို့ မီးကူးစက်လောင်ကျွမ်းခဲ့ ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းရာနေရာသို့ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ် မီးသတ်တပ်ဖွဲ့တို့မှ အချိန်မီ လာရောက်မီးငြိမ်းသတ်ခဲ့ရပါသည်။
အဆိုပါမီးလောင်ရာနေ ရာအား သက်ဆိုင်ရာမှ ရှင်းလင်းရေးပြုလုပ်ရာတွင် မီးလောင်ပျက်ဆီးနေသော AK ၄၇ ခေါက်ဒင်(၈)လက်၊ (.၃၀) ကာဘိုင်(၁)လက်၊၀င်ချက်စတာ(၁)လက်၊ စက်လတ်(၁)လက်၊ M.၁၆ (၁)လက်၊ ဒုံးပစ်လောင်ချာ(၂)လက် စုစုပေါင်း လက်နက်မျိုးစုံ (၁၄)လက်အပါအ၀င် ဒုံးသီး(၇)လုံးတို့အား သိမ်းဆည်းရမိ ခဲ့ပါသည်။ မီးငြိမ်းသတ်နေစဉ် ဒုံးသီးပေါက်ကွဲမှုကြောင့် ဦးကျော်စိုး (၅၀)နှစ်၊ (ဘ)ဦးဘာလဒန်း၏ ဘယ်ဘက်လက်ကောက်ဝတ်ပြတ်၊ ဘယ်ဘက်ရင်အုံရိုး ကြေမွခဲ့ဖြင့် တမူးမြို့ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရပြီးနောက် သေဆုံးသွားပါသည်။ တိုနီအား သက် ဆိုင်ရာတာဝန်ရှိသူများမှ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း၊ အဆိုပါလက် နက်များမှာ တစ်ဖက်နိုင်ငံရှိ တရားမ၀င်အဖွဲ့အစည်းများမှ တိတ်တဆိတ်လာ ရောက်အပ်နှံထားသော လက်နက်များဖြစ်ကြောင်း သိရှိရပါသည်။ ပြည်ပသတင်းဌာနများ ထုတ်လွှင့်နေသလို့ ပေါက်ကွဲမှု ဖြစ်ခြင်းကြောင့် မီးလောင်ခြင်း မဟုတ်ဘဲ၊ မီးလောင်မှု ကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။
|