၁၂ ရက်နေ့ ရုံးချိန်း ဦးဝင်းတင် ဦးစီး NLD ပါတီဝင်များလာရောက်၍ ဈေးရောင်းဈေးဝယ်များ အနှောက် အယှက် ဖြစ်ရ

၁၂ - ၆ - ၀၉

 

ယနေ့ ၁၂-၆-၀၉ ရက်နေ့တွင် အင်းစိန်းအထူးတရားရုံးတွင် မစ္စတာ ယက်ထော ဒေါ်စုကြည် နေအိမ် အတွင်း ၀င် ရောက်ခဲ့သည့် အမှုအား ဆက်လက်စစ်ဆေး ကြားနာခဲ့ပါသည်။ ယနေ့ မစ္စတာ ယက်ထော တစ်ဦးတည်း သာ စစ်ဆေးသွားပြီး ဒေါ်အောင်ဆန်းစုကြည် အား စစ်ဆေးမေးမြန်းခြင်း မရှိသေးကြောင်း သိရှိရပါသည်။အမှုအား ၂၆-၆-၀၉ ရက်နေ့သို့ ပြန်လည်ချိန်းဆိုလိုက်ကြောင်း သိရှိရပါသည်။

 

အဆိုပါ အမှုစစ်ဆေးသည့် တရားခွင် အနီးသို့ အင်းစိန် ကမ်းနားလမ်း တစ်လျှောက်တွင် ဦးဝင်းတင် အပါအ၀င် NLD ပါတီဝင်များ ရွေးချယ်ခံ ကိုယ်စားလှယ်ဖြစ်သည့် ဦးအုန်းကြိုင်၊ ထုတ်ပယ်ခံအဖွဲ့ဝင်များဖြစ်သည့် နော်အုံလှ နှင့် အဖွဲ့ဝင်များ၊ ဗဟိုအမျိုးသမီး အဖွဲ့ဝင်များ၊ လူငယ်လုပ်ငန်းဖေါ်ဆောင်ရေး အဖွဲ့ဝင်များ အပါအ၀င် စုစုပေါင်း အင်အား (၅၀)ဦးခန့်သည် အင်းစိန်ထောင်ဗူးဝရှေ့ ကားလမ်းများနှင့် လူသွားလမ်းများတွင် စုဝေး ထိုင်ခဲ့ကြကြောင်း ၊ အဆိုပါ အင်အားစုများ ရှိနေသည့် အတွက် သက်ဆိုင်ရာ မှ လုံခြုံရေး တပ်ဖွဲ့များကို ချထားရာ အင်းစိန် လမ်းမ တလျှောက်ရှိ ဈေးဆိုင်အချို့ ပိတ်ထားရကြောင်း သိရှိရပါသည်။ ထိုကဲ့သို့ ဆိုင်အချို့ ပိတ်ထားရသည့် အတွက် ဈေးရောင်း ဈေးဝယ် ပြည်သူများမှ ဦးဝင်းတင် တို့ အဖွဲ့အား ပြစ်တင်ဝေဖန်မှုများရှိနေပါသည်။

ရုံးမထုတ်သည့် ရက်များတွင် အင်းစိန်လမ်းမတလျှောက် တွင် ဈေးရောင်း ဈေးဝယ်များ ဖြင့် စည်းကားနေပြီ ၊လုံခြုံရေး တပ်ဖွဲ့ဝင်များမရှိကြောင်း၊ ရုံးထုတ်သည့် နေတွင် အဆိုပါ ဆန့်ကျင်ဖက် နိုင်ငံရေး အင်အားစုများ လာရောက်သည့် အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များမှလည်း ရပ်ရွာတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရသဖြင့် ဈေး ရောင်း ဈေး ၀ယ် ပြည်သူများမှာ NLD ပါတီဝင်များကြောင့် အနှောက်အယှက်ဖြစ်ရကြောင်းကို ပြောဆိုနေမှုများရှိနေပါသည်။

 

 
people

ဂျာနယ်နှင့် သတင်းစာများ

 Mirror
 မြန်မာအလင်း
 Snap Shot
 Weekly Eleven Journal
 Myanmar Time
 yangon time

Hit Account

Content View Hits : 1396738

လက်ရှိကြည့်ရှုနေသူ

We have 1 guest online

ကြေညာချက်အမှတ်(၁/၂၀၀၇)

ပါတီခေါင်းဆောင် ဒေါ်စုကြည် အနေဖြင့် အောက်ဖေါ်ပြပါ အချက် များအား လိုက်နာပါက နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် လက်ခံတွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

   (၁)     ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံ ပျက်သုန်းရေး။

   (၂)     မြန်မာနိုင်ငံအား စီးပွားရေး အဆက်အသွယ်ဖြတ်တောက်ရေး အပါအ၀င် အလုံးစုံ ပိတ်ဆို့ရေး အား ဒေါ်စုကြည်မှ စွန့်လွှတ်သွားရေး ကြေညာရန် ဖြစ်ပါသည်။

 

 

ကျေးလက်သတင်း ကျေးလက်စီပွားရေး ကျေးလက်စိုက်ပျိုးရေး ကျေးလက်ကျန်းမာရေး
သိပ္ပံနှင့်နည်းပညာ အားကစား ယဉ်ကျေးမှု သတင်းဆောင်းပါး
ကာတွန်း စာအုပ်စင် ဟာသပုံပြင်