|

ဘာဆက်လုပ်ရမှန်း မသိ ဖြစ်နေသော NLD ပါတီ
သာကီနွယ်
(၁၄-၈-၀၉)
ဗဟန်းမြို့နယ်ရှိ NLDဋ္ဌာနချုပ်ရုံး၌ NLD ပါတီရွေးချယ်ခံကိုယ်စားလှယ် များဖြစ်ကြသော ဦးကြည်ဝင်း၊ ဦးဝင်းမြင့်၊ ဦးဥာဏ်ဝင်း၊ ဦးထွန်းထွန်းဟိန်း၊ ဦးဟန်သာမြင့်၊ ဦးစိန်လှဦးတို့မှ (၂၀၀၉)ခုနှစ် စက်တင်ဘာလ(၂၉)ရက်နေ့တွင် NLDဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့၊NLDဗဟိုလူငယ်လုပ်ငန်းဖော် ဆောင်ရေး အဖွဲ့၊ ပြည်နယ်/တိုင်းအသီးသီးရှိ NLDအမျိုးသမီးလုပ်ငန်းအဖွဲ့၊ NLDလူငယ် အဖွဲ့ဝင်များနှင့် အထူးအစည်းအဝေးတစ်ရပ်ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။
အဆိုပါအစည်းအဝေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ NLD ပါတီ၏ရှေ့လုပ် ငန်းစဉ်များအား ချပြဆွေးနွေးပြီး NLD-CEC အဖွဲ့နှင့် ထက်ဆင့်ညှိနှိုင်းမှုများ ပြုလုပ်ရန်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရမှ (၂၀၁၀)ခုနှစ် ရွေးကောက်ပွဲကော် မရှင်ဖွဲ့စည်းပြီး နည်းဥပဒေများထုတ်ပြန်သည့်အခါ NLD ပါတီအနေဖြင့် ပါတီ မှတ်ပုံတင်ခွင့်မပြုဘဲ ဖျက်သိမ်းခြင်းခံရမည်ဆိုပါက ရှေ့ဆက်၍မည်သို့ဆောင် ရွက်ရမည်ဆိုသည့်အဖြေကို တွေးတောညှိနှိုင်းကြံဆရမည်ဖြစ်၍ NLDပါတီ အနေဖြင့် ကျယ်ပြန့်သည့်အစည်းအဝေးကြီးတစ်ရပ်ကို အလေးထားဆွေးနွေး မည်ဖြစ်ကြောင်း လည်း ပြောဆိုနေကြပါသည်။
NLDပါတီသည် (၁၉၉၀)ပြည့်နှစ် ရွေးကောက်ပွဲတွင် (၈၂) ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သောပါတီဖြစ်ခဲ့ပြီးမှ (၂၀၁၀)ခုနှစ်ရွေးကောက်ပွဲတွင် NLDပါတီဆုံးရှုံးပျက်စီးမည့်အရေးကို NLDပါတီဝင်များအားလုံး လုံးဝအဖြစ် မခံနိုင်သောကြောင့် အဆိုပါအထူးအစည်းအဝေးသည် NLD ပါတီအတွက် အလွန်အရေးကြီးသော နောက်ဆုံးအစည်းအဝေးလည်းဖြစ်နိုင်ကြောင်း စသည် ဖြင့် NLDပါတီရွေးချယ်ခံကိုယ်စားလှယ်များမှ ပြောဆိုနေကြပါသည်။
|