အမေရိကန် အထက်လွှတ်တော် အမတ် Jim Webb မင်္ဂလာဒုံလေဆိပ် တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွား

သာကီနွယ်

(၁၇-၈-၀၉)

(၁၆-၈-၀၉ )ရက်နေ့ (၁၃၀၀)ချိန်မှ(၁၃၁၅)ချိန်ထိ အမေရိကန် အထက် လွှတ်တော်အမတ် Jim Webb နှင့် ပြည်တွင်းရှိ ပြည်ပအသံလွှင့် ဌာနများ ၏ဌာနေ သတင်းထောက်များနှင့်ဂျာနယ် သတင်းထောက်များ အား မင်္ဂလာဒုံလေဆိပ် ပြည်ပထွက်ခွာဆောင်တွင် သတင်းစာ ရှင်းလင်း ပွဲပြုလုပ် သွားကြောင်း သိရှိရပါသည်။

 

 

 

သတင်းစာရှင်းလင်းပွဲ တွင် Jim Webb မှ ၄င်းအနေဖြင့် မြန်မာ နိုင်ငံသို့ လာရောက်ခွင့် ရရှိရန် စီစဉ်ပေးသဖြင့် ကျေးဇူးတင်ရှိကြောင်း၊ မြန်မာအစိုးရအား မေတ္တာရပ်ခံချက် ၂ ခု တင်ပြခဲ့ရာ (၁) ယက်ထော အားလွှတ်ပေးရန်၊ (၂) နိုင်ငံရေး ပါတီများ အဖွဲ့အစည်းများနှင့် တွေ့ဆုံခွင့် ရရှိရန် ကိစ္စများ ဖြစ်ကြောင်း၊ ယက်ထော အားလွှတ်ပေးခဲ့သဖြင့် မြန်မာအစိုးရ ၏လူသားချင်း စာနာ ထောက်ထားမှု စိတ်စေတနာ အရင်းရ လွှတ်ပေးခဲ့၍ မိသားစု နှင့် အတူ ပြန်လည်နေထိုင်ခွင့်ရရှိသဖြင့် မြန်မာနှင့် အမေရိကန် နိုင်ငံ ချစ်ကြည်ရေး ရှေ့ရှု့၍ လွှတ်ပေးခဲ့သည်ဟု ယူဆပါကြောင်း၊ ဒေါ်စုကြည် နှင့် တွေ့ဆုံခွင့်ရရှိ၍ သူမ၏အနစ်နာခံ လုပ်ဆောင်မှုများကို လေးစားပါ ကြောင်း၊ယက်ထော၏လုပ်ဆောင်မှုနှင့် ပတ်သက်၍ တောင်းပန်ရန်သာ ရှိပြီး ၊ ကာကွယ်ပြောဆိုရန် မရှိပါကြောင်း၊ သို့ရာတွင် ယက်ထောသည် အပျက် သဘောလုပ်ဆောင်သည့်ဟု မယူဆကြောင်းနှင့် အပြုသဘောနှင့် လုပ်ဆောင် ခဲ့ရာ တွင် မြန်မာ ဥပဒေများ ဖေါက်ဖျက်ခဲ့သဖြင့် စိတ်မကောင်းပါ ကြောင်း၊ ယက်ထောလွှတ်ပေးခဲ့သဖြင့် မိသားစုနှင့် တွေ့ဆုံခွင့် ရရှိတော့မည် ဖြစ်ကြောင်း၊

မြန်မာနိုင်ငံ အပေါ်စီးပွားရေး ပိတ်ဆို့မှု သဘောထား အနေဖြင့် စီးပွားရေး ပိတ်ဆို့မှု၏မကောင်း သောအကျိုးရလဒ်များနှင့် အကျိုးမရှိကြောင်း ယခင် သမ္မတ ဟောင်းဘုရှ် လက်ထက်ကတည်းက ဝေဖန်ပြောဆိုခဲ့ပါကြောင်း၊

ဖြေရှင်းရန် အတွက် နှစ်နိုင်ငံ တွင် အတားအဆီး အခက်အခဲများရှိနေကြောင်း၊ ၄င်းကိစ္စအား ညှိနှိုင်းဖြေရှင်းပါက ကျန်ကိစ္စများ အဆင်ပြေမည်ဖြစ်ကြောင်း၊ ညှိနှိုင်းဖြေရှင်းရန် ကိစ္စအနေဖြင့် မြန်မာအစိုးရ ဖက်အား ပြောဆိုခဲ့ရာတွင် ဒေါ်စုကြည်အားလွှတ်ပေးရန် နှင့် နိုင်ငံရေး ဖြစ်စဉ်များတွင် ပါဝင်ခွင့်ပေးရန် ပြောဆို ခဲ့ရာ မြန်မာအစိုးရ မှ စဉ်းစားမည်ဟုပြန်လည်ဖြေကြားခဲ့ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲ အနေဖြင့် လွတ်လပ်ပြီး တရားမျှတမှုရှိရန်အတွက် ဒေါ်စုကြည် လွှတ်ရန်မှ အချက်တစ်ချက် ပါဝင်ကြောင်း ၊ ပါတီများ နှင့် အဖွဲ့အစည်းများ တွေ့ဆုံခဲ့ ရာတွင် ၄င်းတို့ အနေဖြင့် ရွေးကောက်ပွဲ ပေါ်သဘောထား ထုတ်ပြန် မည့် ဥပဒေများ ၊ အခြေခံဥပဒေအပေါ်ထားရှိသည့် သဘောထား များအနေ ဖြင့် အမြင်တူညီမှုမရှိသည့်ကို သတိထားမိခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ နိုင်ငံရေးအင်အား အများစု ထဲမှ NLD အပါအ၀င် ဒီမိုကရေစီ အမည်ခံ အဖွဲ့များသည် အခြေခံဥပဒေအား သူတို့ သဘော မပါသည့် အတွက် သဘောတူညီမှုမရှိကြောင်း၊ လက်ရှိအစိုးရ အပေါ် အမြင်မကြည်လင်ခြင်းသည် မကောင်းကြောင်း၊ လက်တွဲလုပ်ဆောင်သင့်ပြီ အပြုသဘောဆောင်သောလုပ်ရပ်များသာ လုပ်ဆောင်သင့်ကြောင်း ပြောဆိုခဲ့ပါသည်။

မြန်မာနိုင်ငံ သို့လာ ရောက်ခဲ့သည့် ခရီးစဉ်များအနေဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင် တန် အား ရှင်းပြမည်ဖြစ်ကြောင်း၊အခက်အခဲ အတားအဆီးများ ကျော်လွှား နိုင်ရန်အတွက် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုရှိပြီးဖြစ်၍ ၂ ဖက်ညှိနှိုင်း ဖြေရှင်းမည် ဖြစ်ပါက ဒီမိုကရေစီ ဆက်ဆံရေးလမ်းကြောင်းပေါ်သို့ အမြန်ရောက်ရှိ မည်ဖြစ် ကြောင်း၊ပြောဆိုခဲ့ပါသည်။

 

 
people

ဂျာနယ်နှင့် သတင်းစာများ

 Mirror
 မြန်မာအလင်း
 Snap Shot
 Weekly Eleven Journal
 Myanmar Time
 yangon time

Hit Account

Content View Hits : 1396671

လက်ရှိကြည့်ရှုနေသူ

We have 5 guests online

ကြေညာချက်အမှတ်(၁/၂၀၀၇)

ပါတီခေါင်းဆောင် ဒေါ်စုကြည် အနေဖြင့် အောက်ဖေါ်ပြပါ အချက် များအား လိုက်နာပါက နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် လက်ခံတွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

   (၁)     ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံ ပျက်သုန်းရေး။

   (၂)     မြန်မာနိုင်ငံအား စီးပွားရေး အဆက်အသွယ်ဖြတ်တောက်ရေး အပါအ၀င် အလုံးစုံ ပိတ်ဆို့ရေး အား ဒေါ်စုကြည်မှ စွန့်လွှတ်သွားရေး ကြေညာရန် ဖြစ်ပါသည်။

 

 

ကျေးလက်သတင်း ကျေးလက်စီပွားရေး ကျေးလက်စိုက်ပျိုးရေး ကျေးလက်ကျန်းမာရေး
သိပ္ပံနှင့်နည်းပညာ အားကစား ယဉ်ကျေးမှု သတင်းဆောင်းပါး
ကာတွန်း စာအုပ်စင် ဟာသပုံပြင်