|

" မည်သူ့ အကျိုးစီးပွား - - - လဲ "
ယနေ့ကမ္ဘာတွင်ရှိသော နိုင်ငံတိုင်း၏နိုင်ငံသားတိုင်းသည်မိမိတိုင်းပြည်နှင့်
မိမိလူမျိုးအကျိုးစီးပွားအတွက်ရှေးရှု့ဆောင်ရွက်လျက်
ရှိသည်ကို တွေ့မြင်နိုင် ကြပါသည်။ အထူးသဖြင့်
နိုင်ငံငယ်များသည် ကိုယ့်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကိုသာ လျှင် ရရှိရေး၊ ရေရှည်ရပ် တည်နိုင်ရေး၊ အမျိုးသား အကျိုးစီးပွား
အတွက်လုပ်ပိုင်ခွင့်မပျောက်ရေးတို့ကိုသဲသဲမဲမဲဆောင်ရွက် ကြပါသည်။ ပြည့်စုံကုံ လုံကြွယ်ဝသော နိုင်ငံကြီးများ အနေဖြင့်
လည်း ၄င်းတို့၏ အမျိုးသားအကျိုးစီးပွားဖြစ်ထွန်းရေးအတွက် ဆောင်ရွက်ပြီး ဆက်လက် ရပ်တည်ရေးကို ကြိုပမ်းဆာင်ရွတ်
လျက် ရှိကြပါသည်။ နိုင်ငံကြီးများသည်သူတို့၏ အမျိုးသား အ ကျိုးစီးပွား မပျက်စီး မထိခိုက်ရေး၊ ရေရှည်ရပ်တည်ရေး က
ိုကြိုတင်ကာ ကွယ်သည့် အစီအမံများ ပြုလုပ်ကြပါသည်။
အင်အားကြီး နိုင်ငံများသည် မိမိတို့၏ အမျိုးသား အကျိုး စီးပွား
ကမ္ဘာ တည်သရွေ့တည်တံ့အောင် နည်းလမ်း မျိုးစုံဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးတို့ကို တိုးချဲ့တည်ဆောက်ကြသည်။
တစ်ချိန်တည်းတွင်မိမိတို့ကလွဲ၍အခြားနိုင်ငံများနိုင်ငံရေး၊ စီးပွားရေး၊စစ်ရေး အရကြီးထွား မလာရေး ရည်မှန်ချက်ထားရှိသည်
ကိုတွေ့ရှိရပါသည်။ မိမိတို့၏ရည်မှန်းချက်အောင်မြင်ရေး အတွက်နိုင်ငံရေး၊စီးပွားရေး၊စစ်ရေးများဖြင့်ဆက်စပ်အကောင်အထည်
ဖော်လျက်ရှိသည်ကိုတွေ့မြင်ရပါသည်။နိုင်ငံငယ်လေး များနှင့်အခြားနိုင်ငံများအပေါ်သြဇာသက်ရောက်ရေး၊ယင်းနိုင်ငံများ
၏နိုင်ငံရေး၊စီးပွားရေးအပေါ်ဦးဆောင်မှုပေးနိုင်ရန်အပြိုင်
အဆိုင်ကြိုးပမ်းလာသည်ကို လည်း တွေ့ရှိရပါသည်။
အင်အားကြီးနိုင်ငံ တစ်နိုင်ငံသည် မကြာမီကာလတွင် သူ့အား
ယှဉ်ပြိုင် လာနိုင်မည့်စွမ်းအား ရှိသော နိုင်ငံများကိုလည်း အမျိုးမျိုးသော နည်းလမ်းပေါင်းစုံတို့ဖြင့် အနှောက်အယှက်
ပေးခြင်း၊ ဟန့်တားခြင်းများကို မဟာဗျူဟာကျကျဆောင်ရွက်လာ သည်ကို တွေ့ရှိရ ပါသည်။ ယနေ့ မဟာအင်အားကြီး နိုင်ငံဖြစ်သော
အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့ အင်အားကြီးမားပြီး သြဇာကျယ်ပြန့်လာမှုကိုဟန့်တားထိန်းချုပ်ရေး
မဟာဗျူဟာတစ်ရပ်အဖြစ်ချမှတ် ဆောင်ရွက်နေသည်ကို
တွေ့မြင်ရ ပါသည်။ သို့အတွက် တောင်အာရှဒေသနှင့်အရှေ့တောင်
အာရှဒေသများတွင် အမေရိကန် သြဇာ
မပျောက်ရေး၊ ခြေကုပ် ရရှိရေး ကြိုးပမ်းဆောင်ရွတ်ခဲ့သလို
ဆက်လက်ကြိုးပမ်းအားထုတ်နေဆဲဖြစ်သည်။
တစ်နည်းအားဖြင့်အမေရိကန်၏ ကျိုးစီးပွားအား ဆောင်ရွတ်
ပေးမည့် သြဇာခံ တိုင်းပြည်၊ ပါတီအဖွဲ့အစည်း၊ ပုဂ္ဂိုလ်များကို
မွေးထုတ်လာသည်။ယင်းတိုင်းပြည် များမှ ပုဂ္ဂိုလ်တွေက အမေရိကန်၏အကျိုးစီးပွားဖြစ်ထွန်း
အောင်မြင်အောင်ဆောင်ရွက်ပေးဖို့ အဆက်မပြတ်ကွပ်ကဲ
လျက်အထောက်အပံ့ များစွာပေးနေသည်ကို တွေ့ရှိ ရပါသည်။
မိမိ၏ သြဇာခံတိုင်းပြည်၊ ပါတီ၊လူပုဂ္ဂိုလ်ရရှိရေးကို နည်းဗျူဟာတစ်ခု အဖြစ် ချမှတ်ဆောင်ရွတ်ခြင်းဖြစ်ပါသည်။
အမေရိကန်၏ အကျိုး စီးပွား ဖြစ်ထွန်းရေး ၊ မဟာဗျူဟာ
အကောင်အထည် ပေါ်ရေးသည်သာ အဓိက ဖြစ်သည်ဒီမိုက ရေစီ ရေး၊ လူ့အခွင့်အရေး၊ လူသားချင်း စာနာထောက်ထားရေး
စသော အချက်များကို အသုံးချ ကိရိယာအဖြစ်သုံးစွဲနေခြင်း ဖြစ်သည်။ အမေရိကန်၏ အကျိုး စီးပွား ဖော်ဆောင်ရေးအတွက်
လူအများ နားလည်ရန် ခက်ခဲစေသော ဖုံးအုပ်ထားမှု တစ် ခုသာဖြစ်သည်။အမှန်တကယ်တွင်မူ အမေရိကန်သည် ယင်း
နိုင်ငံများ၏ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ လူသားချင်းစာနာ
ထောက်ထားးရေးကိစ္စရပ်များအတွက်တန်ဖိုးထား၊အရေးထားခြင်းမရှိပါ။
ဤအခွင့်အရေးများမရရှိလျှင်လည်းမပူပင်သလိုခံစား ရရှိပြန်ရင် လည်းဝမ်းသာမည်မဟုတ်ပါ။ အမေရိကန်အတွက်အဓိက
မကျပါ။သူ့နိုင်ငံအတွက်အဓိကကျသည်မှာ သူ၏ မဟာ ဗျူဟာ အောင်မြင်ရေး အတွက်သြဇာခံနိုင်ငံများကသူ့မူဝါဒအတိုင်း
တသွေတိမ်းလိုက် နာဆောင်ရွက်ခြင်း ရှိ၊ မရှိဆိုသည့်အ ချက်ပင်ဖြစ်သည်။ ဤသို့လျှင် အမေရိကန်နိုင်ငံ မဟာဗျူဟာ
နည်းဗျူဟာကျင့်သုံးမှုဝဲ ဂယက်ထဲတွင်နိုင်ငံငယ်
လေးများသည် အလူးအလဲခံနေရပြီး ရုံးကန်နေကြသည်ကိုမြင်
တွေ့နိုင်မှာ ဖြစ်ပါသည်။
မြန်မာနိုင်ငံကိုကြည့်လျှင်-
အမေရိကန်နိုင်ငံ အနေနှင့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏
အင်အားကြီး ထွားလာမှုကို ထိန်းချုပ်ရန် ပထ၀ီ အနေအထား အရ မြန်မာနိုင်ငံကို အသုံးချလိုသော ရည်ရွယ်ချက် ရှိထားသည်။
ယင်း ရည်ရွယ်ချက်ကို အကောင်အထည် ဖော်ရန် မိမိတို့ အလိုအတိုင်း လိုက်ပါဆောင်ရွက်နိုင်မည့် သူကို မွေးထားလိုသည်မ
ိမိတို့ သြဇာအာဏာခံမည့်ပါတီအဖွဲ့အစည်း၊ လူပုဂ္ဂိုလ် ကို ရှာဖွေသည်။ ၁၉၈၈ ခုနှစ် အရေးအခင်းနှင့် ဆက်နွယ်၍
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို သွားတွေ့သည်။ ဒေါ် စုကြည်မှာ ဗိုလ်ချုပ် အောင်ဆန်း၏သမီးဟူသော ဂုဏ်ပုဒ်တစ်ခုဖြင့်
မြန်မာပြည်သူလူထု၏သနားမှုကိုရယူပြီး ခေါင်း ဆောင် ဖြစ်ရန် ကြိုးစားလာခြင်း ဖြစ်သည်။ NLD ပါတီကလည်း မိမိတို့
အာဏာရရှိရေး အကျိုးစီးပွား အတွက် ဒေါ်စုကြည် ကို ရုပ်ပြ ခေါင်းဆောင်အဖြစ်ထားရှိပြီးကြိုးပမ်းအားထုတ်နေခြင်းဖြစ်သည်။
တစ်ချိန်တည်းတွင်အင်အားကြီး နိုင်ငံဖြစ်သောအမေရိကန် ကို အားကိုးပြီးအမေရိကန်တို့ ၏ အကျိုးစီးပွားကိုဖော်ဆောင်
ပေးရန် NLD တို့ကမိမိတို့ အာဏာရရှိရေး ကြိုးပမ်းဆောင်ရွက် ဖို့ လက်ဝါးချင်းရိုက်ဆောင်ရွက်လာကြခြင်းဖြစ်သည်ကိုတွေ့ရှိရသည်။
အမေရိကန်တို့က မြန်မာနိုင်ငံတွင်လည်း ၎င်းတို့၏ သြဇာခံ ရုပ်သေး
အစိုးရ ဖြစ်ပေါ်ရေးကို လှုံ့ဆော် ဖန်တီး မှုများ ပြု လုပ်ပေးရုံ သာမကစီးပွားရေးပိတ်ဆို့မှုများဖြင့်အစိုးရအကျပ်အတည်း
ဖြစ်အောင်ပြုလုပ်သည်။ NLD ကလည်း မိမိတို့အကျိုး စီးပွားနှင့်ယှဉ်၍ မသိကျိုးကျွန်ပြုနေသည်။အမေရိကန်နှင့်
အပေါင်းအပါနိုင်ငံကြီးများက စီးပွားရေး ပိတ်ဆို့မှုနည်းလမ်းဖြင့် ဖိ အားပေး ဆောင်ရွက်သော်လည်း ၎င်းတို့မျှော်မှန်းသလိုဖြစ်မလာဘဲ
ဲမြန်မာအစိုးရ၏မဆုတ်မနစ်သောဇွဲ၊ လုံ့လ၊၀ီရိယ၊စေတနာ
မှန်ဖြင့်ကြိုးပမ်းဆောင်ရွက်မှုကြောင့်နိုင်ငံ တော်မှာ ယခင်ခေတ်များ
ကထက်ဖွံ့ဖြိုးတိုးတက်သင့်သလောက်ကိုးတက်လာ ခဲ့ သည်မှာ အများအမြင်ပင် ဖြစ်ပါသည်။
ဒေါ်စုကြည်မှာလည်းသူမနှင့်အကျိုးစီးပွားတူလူတစ်စုလောက်
သာထောက်ခံမှုရရှိပြီးပြည်သူအများစု၏လေးစားထောက် ခံမှု မရရှိသည်ကို သူမကိုယ်တိုင်သိရှိနေပြီဖြစ်သော်လည်း
သူမ၏တစ်ဇွတ်ထိုးညာဉ်အတိုင်းသာဆက်လက်လုပ်ကိုင်ဆောင် ရွက်ဆဲပင် ဖြစ်သည်။ အမေရိကန်ကလည်း ၎င်းတို့၏ဆန္ဒကို
ဒေါ်စုကြည်မှ ဖြစ်မြောက်လာအောင် မဆောင်ရွက်နိုင်ကြောင်း အချိန်ကြာမြင့်လာ သည်နှင့်မျှပိုမိုသိရှိလာပြီဖြစ်ပါသည်။
ယနေ့အခြေအနေမှာဒေါ်စုကြည်အပါအ၀င် NLD တို့၏အကျိုးစီးပွား ဖော် ဆောင်မှုနှင့်အမေရိကန် ၏ အကျိုး စီးပွား လိုလားမှု
ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်လာသည်ကို လေ့လာတွေ့မြင်နိုင် ပါသည်။ အမေရိကန်ဟာသူစေခိုင်းရာ မရမယ့်ပုဂ္ဂိုလ်
တစ်ယောက်ကို မည်သည့်အခါမျှ ကြာရှည်ထားလေ့မရှိပါ။ သူခိုင်းရာ လုပ်မည့်ပုဂ္ဂိုလ်ကလည်း သူ့မှာ အထောက်အထား
တွေအခိုင်အလုံရှိမှ သာလုပ်မှာ ဖြစ်ပါသည်။ ဒေါ်စုကြည်ရဲ့ အတိတ်က ဖြစ်ပျက်ခဲ့တဲ့ အထောက်အထား အချက်အလက် အပြည့်အစုံ က
အမေရိကန်တို့မှာ ရှိထားပြီး ဖြစ်ပါသည်။ ယင်းအချက်များ ရှိထားမှုအပေါ် အခြေခံပြီး ခေါင်းဆောင် သမီးလည်းဖြစ်၊
ဥာဏ်ရည်ဥာဏ် သွေးလည်း ကောင်းသူဖြစ်သည့်
ဒေါ်စုကြည်ကို သုံးနိုင်ရင်ရလိမ့်မယ်ဟုထင်မြင်ပြီး အမေရိကန်ရဲ့
အကျိုးစီးပွား ဆောင်ရွက်ပေးဖို့ တာဝန်ပေးအပ်ခြင်းပဲ
ဖြစ်ပါသည်။
လက်တွေ့ဖြစ်ပေါ်လာမှုအကျိုးဆက်က အမေရိကန်မျှော်လင့်သလို
လည်းဖြစ်မလာသလို NLD လူကြီးများရဲ့ဆန္ဒအတိုင်း လည်း ဖြစ်မလာတာကို တွေ့ရပါသည်။ ဒေါ်စုကြည် တစ်ဘက်သတ်
ပြောသမျှကိုပဲနားထောင်နေရပြီးသူပြောသမျှကိုပဲလိုက် နာ နေရသည့် အနေအထားသို့ရောက်ရှိလာခဲ့ပါသည်။
သို့အတွက် NLD အတွင်းတွင်သူမ၏ ဦးဆောင်မှုကိုမကြိုက်နှစ်သက် ကြ တော့။ သူမရဲ့ ဆောင်ရွက် ပြောဆိုချက်တွေဟာ NLD ၏
အကျိုးစီးပွားနှင့် တိမ်းစောင်းလာပြီး အမျိုးသားအ ကျိုးစီးပွား နှင့်လည်း သွေဖီလာတာကိုတွေ့ရှိရပါသည်။ ယင်းအခြေအနေကို
အမေရိကန်ကလည်းမြင်တွေ့လာသည်။ NLD
အတွင်းမှာ အုပ်စုကွဲပြားလာသည်အထိ ညီညွတ်မှုပျက်ပြားလာပါသည်။
အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်ဝပ်လာရောက်ပြီးနောက်
NLD အကျိုးစီးပွားနှင့် အမေရိကန် အကျိုးစီးပွား ပဋိပက္ခဖြစ် ပေါ်မှုဟာ ပိုမိုကြီးထွားလာခဲ့ပါသည်။ NLD အတွင်း
တွင် ဒေါ်စုသဘောကျလိုက်လုပ်နေသည်ကို လက်မခံချင်ကြ တော့။အချင်းချင်းဝိရောဓိဟာတစ်နေ့တစ်ခြားကြီးမားလာနေပြီကိုတွေ့ရှိရပါသည်။
အမေရိကန် အထက်လွှတ်တော် အမတ်ဂျင်ဝပ် မကြာသေးမီက
မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်ကြောင့်မြန် မာ နိုင်ငံရှိ ဒီမိုကရေစီ တောင်းခံနေသော NLD အဖွဲ့ နှင့် ၎င်း၏
မဟာမိတ်၊ ၎င်းကို ထောက်ခံ အားပေးနေသော
နိုင်ငံတကာ အဖွဲ့ အစည်းများကြားတွင် ပိုမို အဆင်မပြေ ဖြစ်လာ
စရာ အကြောင်း ရှိပါသည်။ အတိုက်အခံတို့ တရားသေဆွဲမြဲ ရပ်တည် နေသောအချက် မှာ ပြေငြိမ်းရေးမဖြစ်နိုင်သည့် အပြုတ်တိုက်ရေး
လမ်းကြောင်းပေါ်တွင်သာ ရပ်တည်နေခြင်း ဖြစ်ပါသည်။ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကိုပြင်ပေးရမည် ဆိုခြင်းမှာ မဖြစ်နိုင်သော
ကြိုးပမ်းမှု တစ်ရပ်သာ ဖြစ်ပါသည်။ ကျွမ်းကျင်သော ပညာ ရှင်တို့ဆိုအရ ပြည့်စုံသောဖွဲ့ စည်းပုံ အခြေခံပဒေ ဆိုသည်မှာမည်သည့်
တိုင်းပြည်မှ မရှိဟူသော အချက်ပင်ဖြစ်ပါသည်။ဖွဲ့ စည်းပုံ အခြေခံ ဥပဒေဆိုသည်မှာ ပြောင်းလဲလာသော အခြေအနေ
အချိန်အခါအရ တစ်စထက်တစ် ကောင်းမွန်အောင်ပြင် ဆင် ဆောင်ရွက် သွားကြရသည်ကို အင်အားကြီး နိုင်ငံများ အပါအ၀င်
ကမ္ဘာ့နိုင်ငံ အသီးသီး၏ ဆောင်ရွက်ချက်ဖြစ်ရပ်များ ကိုကြည့်ပါကအလွန်ထင်ရှားသောအချက်ပင်ဖြစ်ပါသည်။
ဝိ၀ါဒများကွဲပြားမှုဖြစ်ပေါ်လာစေခဲ့သည်။ ပြည်ပအားပေးထောက် ခံသူများ ကလက်ရှိ ဖွဲ့စည်းပုံ စည်းမျဉ်း ဘောင်အတွင်းမှ ရည်မှန်း
ချက်ကို အောင်မြင်အောင် ရယူနိုင်မည်ဆိုလျှင် NLD ကို ထောက်ခံ အားပေးနေသည့် အဖွဲ့အစည်းများ၊ မဟာမိတ်အဖွဲ့အစည်း
များကြားတွင် ပိုမိုအဆင်ပြေလာစရာ အကြောင်းရှိပါသည်။
မြန်မာနိုင်ငံရှိ အမေရိကန်၏ အကျိုးစီးပွားသည်လွန်ခဲ့သော
နှစ်ပေါင်း(၆၀)ကျော်ကတည်းက စတင်ပြီး မြစ်ဖျား ခံခဲ့ခြင်း ဖြစ်ပါသည်။ အိုဘားမား အစိုးရသည် NLD ကို အခြေခံ၍
ဒေသတွင်းတွင် ကောင်းစွာ နေသားတကျ ရှိပြီး ဖြစ်သော အမေ ရိကန်၏ မူဝါဒကို ဆက်လက် ဆောင်ရွက်ရေးပင်ဖြစ်သည်။ ဆိုလိုရင်းမှာ
ယူရေးရှား ကုန်ပြင်မြင့်ရှိ ပေါ်ပေါက်လာ
နိုင်သော ပြိုင်ဘက်အင်အားကြီးနိုင်ငံများ ကိုထိန်းချုပ်ဟန့်တား
နိုင်ရေးပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် တရုတ် နိုင်ငံ၏ သြဇာအာဏာ ကြီးမားလာခြင်းကို
ဟန့်တားထားနိုင်ဖို့ အရေးကြီးကြောင်း အမေရိကန် ကမြင်ပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အခြာ လုပ်ငန်းများ
ကို တရုတ်က ကူညီထောက်ပံ့နေခြင်း၊ စီမံခန့်ခွဲနိုင်ခြင်း၊ ရ ယူနိုင်ခြင်းများသည် အမေရိကန်အတွက် စိတ်ပူပင်စရာဖြစ်နေပါ
သည်။ ထို့ကြောင့်အမေရိကန်၏ချဉ်းကပ်ပုံချဉ်းကပ်နည်းမူဝါ ဒပြောင်းလဲရေးကိုရှာဖွေမည်မှာ အမှန်ပင် ဖြစ်ပါသည်။ ဤအချိန်
အတွင်းတွင်လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးစသောလေလုံး၊ မိုးလုံး စကားလုံးများသည် ခေတ်စားနေဦးမည်သာ ဖြစ်ပါသည်။
အဘယ့်ကြောင့်ဆိုသော် နှစ်ဆယ်ရာစု စောစောလောက်က တည်းက ကြိုးစားလာခဲ့သောအမေရိကန်၏ မြန်မာနိုင်ငံအပေါ်
ခြေကုပ်ရရှိရေးသည် ဒေါ်စုကြည်ဦးစီးသော NLD လက်ထက် ရောက်မှ အခွင့်သာလာခဲ့ခြင်းဖြစ်ပါသည်။
စီးပွားရေးပိတ်ဆို့ အရေးယူခြင်းများသည်နေ့ခြင်း၊ ညခြင်းပြီးဆုံး
သွားမည်မဟုတ်ပါ။ အမေရိကန်၏ အရေးပါဆုံးရှုမြင်ပုံ သည် ၎င်း၏အမျိုးသားအကျိုးစီးပွားပင်ဖြစ်သည်။ ဒီမိုကရေစီ၊
လူ့အခွင့်အရေး၊ရွေးကောက်ပွဲ စသည်တို့၏ အစီအစဉ်များသည် လူတစ်ဦးတစ်ယောက်၊မူဝါဒတစ်ခုတရားဝင်ဖြစ်ဖို့အတွက်
အသုံးချသော ကိရိယာတန်ဆာပလာမျှသာဖြစ်သည်။ အဓိပ္ပါယ်မှာ
NLD ဟု ခေါ်သော ဒေါ်စုကြည် ရပ်တည်နိုင်ရေး၊ တွင်ကျယ် နိုင်ရေး၊
လူလားမြောက် နိုင်ရေးတို့ အတွက် ပံ့ပိုးပေးသော စက် ယန္တရား တစ်ခုသာ ဖြစ်ပါသည်။ ထို့ကြောင့် အမေရိကန်၏
အကျိုးစီးပွား နှင့် ဒီမိုကရေစီရေး တောင်းဆိုနေသော NLD
၏အ ကျိုး စီးပွားများသည် ခွဲခြားရန် အလွန်ခက်ခဲပါသည်။
သို့ရာတွင် NLD တို့ အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ အ မေရိကန်တို့ မျှော်လင့်ထားသော လိုလားသော နည်းလမ်းကို
မကျင့်သုံးနိုင်ခြင်းပင် ဖြစ်သည်။ ယင်းအချက်သည်ယနေ့ NLD နှင့် အမေရိကန်တို့အကြား ဖြစ်ပေါ်နေသောတင်းမာနေကြသည့်
အကြောင်းအရင်းခံပင်ဖြစ်သည်။ ဘုရှ်အစိုးရလက်ထက်တွင်
မြန်မာဒီမိုကရေစီ အတိုက်အခံတို့၏ မာကျောသော အသံများနှင့်
လိုက်လျောညီထွေ ပြောဆို ကျင့်ကြံနေခြင်းကသာများပြား
နေခဲ့သည်။ မြန်မာပြည်တွင် သြဇာညောင်းနေသော တရုတ်နှင့် ရုရှားကို
တန်ပြန်နိုင်ဖို့အတွက် နည်းလမ်း အမျိုးမျိုးကို ရှာကြံ ရန်မကြိုးစားဘဲလက်ရှိအာဏာရနေသော တပ်မတော်အစိုးရ
ပြုတ်ကျရေးကိုသာ ဖော်ဆောင်ခဲ့ကြကြောင်း တွေ့ရှိရပါသည်။
သို့သော် အိုဘားမားအစိုးရ အနေဖြင့် ထိုနည်းလမ်းကြီးကိုသာ
အားမထားဘဲအသုံးပြုရန်ရှိနေသော နည်းလမ်းများထဲမှနည်း လမ်းလေးတစ်ခုအဖြစ်သာယူဆထားပုံရပါသည်။ထိုကြောင့်အခြား
နည်းလမ်းကောင်းများကိုရှာဖွေနေမည်မှာသေချာပါသည်/
ဂျင်ဝပ်က ဒေါ်စုကြည်နှင့် တွေ့သည့်အခါ အမေရိကန်၏ စိုးရိမ်ဖွယ်ရာ
သည် မြန်မာပြည်၌ တရုတ်၏သြဇာကျယ်ပြန့်စွာ လွှမ်း မိုးနေခြင်းဖြစ်သည်ဟု ပြောခဲ့ပါသည်။ ယင်းအချက်ကို
နိုင်ငံရေး အကဲခတ်သမားများက အလွန်မှန်ကန်သည်ဟု ယူဆ ကြပါသည်။ တနည်းအားဖြင့် အမေရိကန်၏အကျိုးစီးပွားကို
ဝါရှင်တန်မှအဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦးက မြန်မာ့အတိုက်အခံခေါင်း ဆောင်တစ်ဦးကို ပထမဆုံးဖွင့်ဟပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။
ဤကဲ့သို့ပြောဆိုခဲ့ခြင်းကို ဒေါ်စုကြည်က ပယ်ချလိုက်ခြင်းသည်
အမေရိကန် နှင့် အနောက် အုပ်စုက ထောက်ခံသူများ အတွက်
အလွန် အံ့အားသင့်စရာ ဖြစ်သွားစေခဲ့ ပါသည်။ ဒေါ်စုကြည် အနေဖြင့် ဂျင်ဝပ်က ယင်းသို့ ပြောဆိုခဲ့သည်ကို လက်မခံခဲ့သည့်
အပြင်သာမန် ကိစ္စငယ်တစ်ခုကိုအစိုးရိမ်းကြီး စိုရိမ်ပြီး ပြော ဆိုနေသည်ဟု ယူဆ နေပုံရပါသည်။ ဤအချက်သည် အမေရိကန်
နှင့် ဒေါ်စုကြည်(NLD) တို့ အကြား အယူအဆ ကွဲလွဲသွား ပြီ ဖြစ်ကြောင်းတွေ့ရှိနိုင်ပါသည်။ NLD တို့သည် ဒေါ်စုကြည်
ဘက်မှမဟုတ်မခံစိတ်နှင့်ပြန်လည်ပြောကြားချက်သည်ကောင်း
သည်ဟုအထင်ရောက်သွားနိုင်သည်။ သို့သော် မြန်မာ့ဒီမိုကရေစီ
ထောက်ခံအားပေးနေသူများကခြေလှမ်းတစ်လှမ်းထပ်ဆင့် မှားသွားပြန်ပြီဟု ယူဆကြပါသည်။
NLD အတိုက်အခံများက မြန်မာစစ်အစိုးရနှင့် တရုတ်နိုင်ငံတို့
အကြား ဆက်ဆံရေး ပဋိပက္ခများ တိုးပွားအောင်လုပ်ခြင်း သည် မြန်မာပြည်သူများ၏ အကျိုးစီးပွားနှင့်ဆန့်ကျင်ဘက်ဖြစ်ကောင်း
မှဖြစ်လိမ့်မည်ဟု ယူဆချင်မှ ယူဆကြမှာဖြစ်ပါသည်။ တရုတ်နိုင်ငံကလည်း ၎င်း၏အကျိုးစီးပွားအတွက်သာပူပန်မှာ
ဖြစ်ပါသည်။မြန်မာပြည်တွင်ရှိသော တရုတ်နိုင်ငံ၏အကျိုးစီးပွား နှင့်ရင်းနှီးမြှုပ်နှံမှုများကို ခြိမ်းခြောက်ခြင်းသည် NLD တို့အတွက်
သြဇာအရှိန်အ၀ါကျအောင်လုပ်ခြင်းသာဖြစ်လိမ့်မည်ဟု ဝေ ဖန် မှုများလည်း ရှိနေပါသည်။ NLDတို့က ဒေါ်စုကြည်ကို နှစ်ရှည်လ
များ ထိန်းသိမ်းထားသည့်အတွက် တရုတ်အစိုးရ၏ မူဝါဒ များ ကို ပျက်ရယ်ပြု ပြောဆိုခြင်းများပြုလုပ်ခဲ့ပါသည်။ ယင်းကဲ့သို့
မကြာခဏ တရုတ်အစိုးရအပေါ် အမနာပ ပြောဆိုနေခြင်း သည် အထူးသဖြင့် အမေရိကန်၏ ကြေညာထားသော အကျိုး စီးပွား
ကို အလုပ်အကျွေး ပြုနေသည့်သဘော ဖြစ်နေသည်မှာ တိုက် ဆိုင်မှု တစ်ခုမဖြစ်နိုင်ပါ။
ဂျင်ဝပ်ကလည်း ဒေါ်စုကြည်နှင့် တွေ့ပြီး ထိုင်းနိုင်ငံသို့ ရောက်ရှိသည့်
အခါတွင်လည်း သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပါ သည်။ ၎င်း၏အတွေးအခေါ်သည် အကောင်းဘက်ကို ယူဆပြီးပြော
သလား မသိ၊ ပိတ်ဆို့အရေးယူမှုကို ဒေါ်စုကြည်က လက် ခံနိုင် ဖွယ်ရှိသည်ဟုပြောသွားသည်ကို တွေ့ရှိရပါသည်။ သို့သော်
ဒေါ်စုကြည်နှင့် NLD သည် ပိတ်ဆို့အရေးယူမှု ဆိုသည်မှာ စစ် အစိုးရကို ဆန့်ကျင်ရာ၌ အမှန်တကယ် အဓိက လက်နက်ဖြစ်နေ
သောကြောင့် ဤသို့ ဂျင်ဝပ်က ပြောလိုက်ခြင်း အပေါ် NLDအသိုင်းအ၀ိုင်းအကြားတွင်အကြီးအကျယ်တုန်လှုပ်သွားစေခဲ့သည်။
တကယ်တွင် ဒေါ်စုကြည်သည် ပိတ်ဆို့ရေးနှင့်ပတ် သက် ပြီး ရှင်းလင်းတိကျသော အသုံးအနှုန်းများမဟုတ်ဘဲယတိပြတ်ပြော
မရသော အသုံးအနှုန်းများဖြင့်သာပြောဆိုသည်ဟု NLDအသိုင်းအ၀ိုင်းများကြားတွင် ထွက်ပေါ်လာခဲ့သည်လည်းရှိပါသည်။
တစ်ချိန်တည်းတွင်ပိတ်ဆို့အရေးယူမှုကိုမူလအတိုင်း ပြတ်ပြတ်သားသား ရပ်တည်လျက်ပင်ရှိသေးကြောင်းပြောလာပါသည်
။ NLD အသိုင်းအ၀ိုင်းက စစ်အစိုးရမှဦးစွာ ကမ်းလှမ်း လာခြင်းမျိုးမရှိဘဲနှင့်ပိတ်ဆို့အရေးယူမှုပြဿနာကို မစဉ်းစားမကိုင်တွယ်
နိုင်ဟုပြောလာပါသည်။ တစ်နည်းအားဖြင့်ရင်ကြား စေ့ရေး လုပ်ငန်း တိုးတက်လာမှ ပိတ်ဆို့ အရေးယူမှုများကို မလွဲမရှောင်သာ
လျော့ပေးရလိမ့်မည်ဟု အတိုက်အခံများကယူ ဆထားပုံရပါသည်။ NLD တို့အတွက် အောင်ပွဲကို အာမ မခံနိုင်မချင်း
ရှိရင်းစွဲ ပိတ်ဆို့ အရေးယူမှုကို ဆက်လက်ကျင့်သုံးနေ ဦး မည်ဟု ယူဆပုံ ရပါသည်။ NLD ၏ နောက်လိုက်များ ကလည်း ဒေါ်စုကြည်
စဉ်းစားပုံနှင့် တစ်ထပ်တည်း ကျနေပါသည်။ ပိတ်ဆို့အရေးယူမှု မှုဝါဒမှာ သူတို့ အကြီးအကျယ်ရင်းနှီးမြှုပ်နှံထား
ရသော လုပ်ငန်းဖြစ်နေ၍ ဆက်လက်စွဲကိုင်မည်၊ ပြောင်း လဲ၍မဖြစ်နိုင်ဟုပြောပြန်ပါသည်။အမေရိကန်ကလည်းပဲလက်ရှိ
ကျင့်သုံးနေသော အောင်မြင်မှုကိုမရနိုင်သည့် လမ်းကြောင်း အား ချဉ်းကပ်နေသည်ဟု ယူဆနေပုံရပါသည်။
မြန်မာ့အရေးအဆုံးသတ်နိုင်ဖို့အတွက် ဒီမိုကရေစီ အရေးဆို
နေသော NLD ကပိတ်ဆို့ထားမည်ဟုခိုင်ခိုင်မာမာပြောဆို ကျင့် သုံးနေခြင်းနှင့် မူဝါဒပြောင်းလဲခြင်းမရှိဘဲ တင်းတင်းမာမာ
ပြောဆိုနေခြင်းသည် သူတို့အာဏာရဖို့အရေးလား ......... ပြည်သူတွေ တကယ်ဘဲ အကျိုးဖြစ်ထွန်းစေဖို့ပဲလား ဆိုသည်ကို
စဉ်းစားဖွယ်ရာ ဖြစ်နေပါသည်။
မြန်မာနိုင်ငံ ပြည်သူတွေ၏အကျိုးစီးပွားဆိုလျှင်ဆင်းရဲမှု၊ကျပ်တည်းမှု၊
ဖွံ့ဖြိုးတိုးတက်မှုများကို ဟန့်တားစေသောပိတ်ဆို့ ရေး
သည် မရှိစကောင်း သော အရာသာ ဖြစ်ပါ သည်။ ပိတ်ဆို့ရေးကို ဆုပ်ကိုင်
ထားခြင်းသည် ပြည်သူတွေ၏ အကျိုးစီးပွား ပါသလား
ဟု အထပ်ထပ် မေးခွန်းထုတ်ရမည့် အနေ အထား ဖြစ်လာပါသည်။
ပိတ်ဆို့ရေးကို တရားသေ ဆုပ်ကိုင် ထားခြင်း
အားဖြင့်အစိုးရ ပြုတ်ကျရေးနှင့် ၎င်းတို့ အာဏာရရေး ရှေ့ရှုနေခြင်း
မဟုတ်ကြောင်းသက်သေပြဖို့အလွန်ပင်
ခက်ခဲပါလိမ့်မည်။ သို့သော် ဤနည်းဖြင့် အာဏာရနိုင်ပါမည်လော။
ထို့ကြောင့် အမေရိကန်အနေနှင့် မြန်မာ့အရေးတွင်စိတ်ပူပင်စရာများစွာ
ပေါ်ပေါက်နေ၍အမေရိကန်တို့လိုလားသောအ ကျိုးစီးပွားကို ဖော်ဆောင်နိုင်ပါမည်လားဆိုသည့် ဒွိဟသံသယများစွာ
ဖြစ်ပေါ်နေကြောင်း သုံးသပ်တွေ့ရှိရပါသည်။
|